နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
G7 အုပ်စုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ၇၆ ရာခိုင်နှုန်းဖြင့် ဂျပန်ဦးဆောင်နေ

တိုကျို၊  နိုဝင်ဘာ ၂၀ 


ဂျပန်နိုင်ငံသည် နိုင်ငံလူဦးရေ၏ ၇၅ ဒသမ ၇ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကျော့ထိ ထိုးပေးထား နိုင်ခဲ့သဖြင့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံခုနစ် နိုင်ငံအနက် ကာကွယ်ဆေးထိုးနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။


ကာကွယ်ဆေးထိုးနှုန်း ၇၅ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ကနေဒါ၊ အမေရိကန်ကဲ့သို့သော ထိပ်တန်း ဒီမို ကရေစီနိုင်ငံများ၏ နောက်တွင်သာ ရှိနေခဲ့သော ဂျပန်သည် နိုင်ငံ၏လူဦးရေ ၁၂၅ သန်းဝန်းကျင်အတွက် ကာကွယ် ဆေးထိုးနှံမှုအစီအစဉ် တိုးတက်မှုနှင့် အတူ   အမြင့်ဆုံးနှုန်းထိရောက်ခဲ့ခြင်း ဖြစ်သည်။  


ယခုနှစ်အစောပိုင်းက စတင် ခဲ့သော ကာကွယ်ဆေး     ဖြန့်ချိမှုအရှိန်အဟုန် ကြောင့်  ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ် အသစ်ကူးစက်မှုများ    သိသိသာသာ လျော့ကျသွားခဲ့ပြီး နိုင်ငံတစ်ဝန်းရောဂါ ကူးစက်မှုအသစ် ၁၆၃ ခုသာ  တွေ့ရှိခဲ့ သည်။ 


ပြင်းထန်စွာခံစားကုသနေရသည့်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကြာ သေးမီက ကျဆင်းလာခဲ့ပြီး တစ်ရက် တာအတွင်း ၇၆ ဦး ထပ်မံကျဆင်းသွား ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။ 


 အစိုးရ၏ ကိန်းဂဏန်းများအရ ဂျပန်နိုင်ငံတွင် ပေးအပ်သည့် ကိုဗစ်ထိုးနှံ မှု စုစုပေါင်းအရေအတွက်မှာ ၁၉၅ ဒသမ ၃၂ သန်းအထိ ရောက်ရှိခဲ့ပြီး အနည်းဆုံး တစ်ကြိမ်ထိုးနှံသူ အရေအတွက်မှာ  ၉၉ ဒသမ ၄ သန်း (သို့မဟုတ်) လူဦးရေ ၏ ၇၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာ ကြောင်း သိရသည်။ မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ