နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီရှိ ဆီးရီးယားဒုက္ခသည်များအတွက် အပိုရန်ပုံငွေဒေါ်လာသန်း ၁၇၀ အီးယူ ပါလီမန်ဘတ်ဂျက်ကော်မတီခွင့်ပြု

ဘရပ်ဆဲလ်၊  နိုဝင်ဘာ ၂၀


ဥရောပပါလီမန်၏     ဘတ်ဂျက် ကော်မတီက တူရကီရှိ ဆီးရီးယားဒုက္ခ သည်များကို ကူညီရန်အတွက် နောက် ထပ် ရန်ပုံငွေ ယူရို ၁၄၉ ဒသမ ၆ သန်း (ဒေါ်လာ ၁၇၀ သန်း)   အတည်ပြုခဲ့ ကြောင်း  ဥရောပပါလီမန်(EP)က ကြေညာလိုက်သည်။  အဆိုပါ ရန်ပုံငွေ ဖြင့် ၁၀ နှစ်ကျော်ကြာ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တူရကီနိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဆီးရီးယားဒုက္ခသည်  ၃ ဒသမ ၇ သန်းအနက် ထိခိုက်လွယ် သူများကို  လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ      အထောက်အပံ့များ ဆက်လက်ပံ့ပိုးပေးရန်        ရည်ရွယ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 


ငွေကြေးထောက်ပံ့မှုသည် ၂၀၂၃ ခုနှစ် အစောပိုင်းအထိ လိုအပ်သူများ အတွက် လစဉ်ငွေလွှဲပေးခြင်းအထိ အစု အဖွဲ့၏  ဘက်စုံသုံးငွေသားအကူအညီ အစီအစဉ်ကို တိုးချဲ့မည်ဖြစ်ကြောင်းသိရ သည်။  

အဆိုပါ အစီအစဉ်သည် တရားဝင် အားဖြင့် Emergency Social Safety Net ဟုခေါ်ပြီး အဖွဲ့၏ သမိုင်းတွင်အကြီး မားဆုံး လူသားချင်းစာနာမှုအစီအစဉ် ဖြစ်ကာ ဒုက္ခသည် ၁ ဒသမ ၈ သန်း၏ အိမ်လခ၊ ငွေတောင်းခံလွှာများ၊ အစား အသောက်နှင့် ဆေးဝါးများကဲ့သို့သော မရှိမဖြစ်လိုအပ်မှုများကို ဖြည့်ဆည်းပေး လျက်ရှိကြောင်း သိရသည်။ 


တူရကီသည် ဆီးရီးယားဒုက္ခသည် များအတွက် အကြီးမားဆုံး အိမ်ရှင်နိုင်ငံ ဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ထွက်ပြေး လာသူ လေးသန်းနီးပါးကို ခိုလှုံခွင့်ပေး ထားကာ   ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ ထက်  လက်ခံထားမှုပိုများနေကြောင်း သိရသည်။           

ရဲခေါင်(Ref:Reuters)






အခြားဆက်စပ်သတင်းများ