နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်၏ ဆင်းရဲမွဲတေမှုလျော့နည်းလာကြောင်း ၂၀၂၀ အစီအရင်ခံစာတွင် ဖော်ပြ

ဟောင်ကောင်   နိုဝင်ဘာ  ၁၃


ဟောင်ကောင်ကိုယ်ပိုင် အထူး အုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ထုတ်ပြန် ချက်အရ ဟောင်ကောင်၏ မူဝါဒ ရေးရာစွက်ဖက်မှုကြောင့် ၂၀၂၀ တွင် ဆင်းရဲသောလူဦးရေသည် ၅၅၃၅၀၀ ရှိပြီး ၂၀၁၉ ခုနှစ် လူဦးရေထက် ၈၈၀၀၀ ကျဆင်းခဲ့ကြောင်း ထုတ်ပြန် ထားသည်။


ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ၂၀၂၀ ဆင်းရဲမွဲတေမှု ဆိုင်ရာအခြေအနေကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် ပထမဆုံး ထုတ်ပြန်ခဲ့သော ဆင်းရဲမွဲတေမှုဆိုင်ရာ စာရင်းကို ယခုအခါ ၉ ကြိမ်မြောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 


ကိုဗစ်-၁၉ ကြောင့် ဟောင်ကောင် ၏စီးပွားရေးမှာလည်း ထိခိုက်နစ်နာ နေပြီး ၂၀၂၀ တွင် စီးပွားရေးအကျပ် အတည်းနှင့် ရင်ဆိုင်နေခဲ့ရကာအလုပ် သမားစျေးကွက်မှာလည်း ဆိုးရွားလာ ခဲ့ကြောင်း၊ အလုပ်လက်မဲ့ဦးရေမှာ လည်းမြင့်တက်ခဲ့ပြီး လုပ်အားခများ လည်းကျဆင်းခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။


ယင်းကို ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရအစိုးရ၏ အချိန်မီဝင်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မှု မပြုလုပ်နိုင် ပါက ၂၀၂၀ ခုနှစ်တွင် ဆင်းရဲမွဲမှုသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။


ဆင်းရဲမွဲတေမှု အခြေအနေမှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ပြန်လည် နာလန်ထူနိုင်ရေးအပေါ်တွင်  မူတည် နေ ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ၏ စီးပွားရေးပြန်လည်ထူထောင် နိုင်ရေးအပေါ်တွင်လည်း မူတည်နေ ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။        

                ရဲခေါင် (ref:BBC)






အခြားဆက်စပ်သတင်းများ