နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်မြင့်လာ၍ စာသင်ကျောင်း ၅၀၀ ကျော်ကို ပြန်ပိတ်ခဲ့

မေ  ၃၀၊  ဆိုးလ်

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရမှု တစ်ကျော့ပြန် မြင့်တက်လာခြင်းကြောင့် မကြာသေးမီက ပြန်လည်ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၅၀၀ ကျော်ကို ပြန်ပိတ်ခဲ့ရသည်။

တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေ ၅၂ သန်းရှိသည့်အနက် လူဦးရေတစ်ဝက်နီးပါး နေထိုင်သည့် ဆိုးလ်မြို့ပြဒေသတစ်ဝိုက်တွင် အစိုးရက ဖွင့်လှစ်ထားသည့် ပန်းခြံများ၊ အနုပညာပြခန်းများ၊ ပြတိုက်များနှင့် ရုပ်ရှင်ရုံများကို ရက်သတ္တနှစ်ပတ်ကြာ ပိတ်ထားသည်။ မြို့ပြဒေသတစ်ဝိုက်တွင် ကျင်းပရန် စီစဉ်ထားသည့် အစိုးရ၏ အခမ်းအနားများကို ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ လုပ်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ပက်နန်ဟို က ပြောသည်။

ပုဂ္ဂလိကစာသင်ကျောင်းများနှင့် အင်တာနက်ဆိုင်များကိုလည်း ဇွန်လ ၁၄ ရက်အထိ ပိတ်ထားရန် အာဏာပိုင်များက ညွှန်ကြားထားသည်။ ဆိုးလ်မြို့ပြဒေသတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် လာမည့် ရက်သတ္တနှစ်ပတ်အတွင်း အိမ်ပြင်ထွက်ခြင်း၊ အခမ်းအနားများ ကျင်းပခြင်းမလုပ်ကြရန် ပက်နန်ဟိုက မေတ္တာရပ်ခံထားသည်။ ပြီးခဲ့သည့်သောကြာနေ့အထိ ဗိုင်းရပ်စ်ကူးစက်မှုများတွင် ကူးစက်ခံရသူ ၁၀၀ နီးပါးမှာ ကုန်စည်ဖြန့်ဖြူးရေးစင်တာနှင့်ဆက်နွှယ်နေသည်။ အဆိုပါစင်တာတွင် အလုပ်သမား ၄၃၅၁ ဦး ရှိသည့်အနက် ၃၈၃၆ ဦးကို စစ်ဆေးခဲ့ပြီးပြီဟု ကျန်းမာရေးဌာန ဒုတိယဝန်ကြီးက ပြောသည်။                   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ