နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာကာသတွင် ရုံးခန်းဖွင့်မည် ရုရှားနိုင်ငံ TASS သတင်းအေဂျင်စီ ပြောကြား

မော်စကို၊ နိုဝင်ဘာ ၁၉


ရုရှားနိုင်ငံ၏ ဦးဆောင်သတင်းဌာန ဖြစ်သော TASS သတင်းအေဂျင်စီသည် နိုင်ငံတကာအာကာသစခန်း (ISS) တွင် အမြဲတမ်းကိုယ်စားပြုရုံးဖွင့်ရန် နိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos နှင့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာတစ်စောင်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။  Misurkin သည် စီးပွားရေး မစ်ရှင်တစ်ခုအတွက် Soyuz MS-20 အာကာသယာဉ်နှင့်လိုက်ပါရန် ဂျပန်ဘီလျံနာ နှင့် ၎င်း၏စီးပွားရေးကူညီပေးသူတစ်ဦးနှင့်အတူ ISS အတွက် ကာဇက်စတန်နိုင်ငံ    Baikonur Cosmodrome သို့ ဒီဇင်ဘာ ၈ ရက်၌ ထွက်ခွာရန်စီစဉ်ထားကြောင်း သိရသည်။  


အဆိုပါ စိတ်ကူးအကြံဉာဏ်သည် ငွေကြေးဖြုန်းတီးခြင်း မဟုတ်ဘဲ Roscosmos အာကာသယာဉ်မှူးများသည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ယင်းတို့၏ လှုပ်ရှားမှု များကို တက်တက်ကြွကြွ မှတ်တမ်းရိုက်ကူးဖော်ပြလျက်ရှိကြောင်း Rogozin က ပြောကြားသည်။  ရုံးခန်းဖွင့်လှစ်ရန် အသေးစိတ်ဆွေးနွေးမှုများ လုပ်ဆောင်ပြီး နောက် နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်းသည် Mikhailov ၏ စိတ်ပါဝင်စားမှုနှင့် အရေးကြီးသောအဆိုပြုချက်ကို လက်ခံရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။                               

မျိုးဝင်း (Ref:XinhuaNet)






အခြားဆက်စပ်သတင်းများ