နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-လက်တင်အမေရိက နှင့် ကာရေဘီယံ စီးပွားရေးဆိုင်ရာထိပ်သီးအစည်းအဝေးတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် စာချုပ်လက်မှတ်များရေးထိုး

ပေကျင်း၊ နိုဝင်ဘာ ၁၉


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း က ချောင်ချင်းမှာကျင်းပခဲ့သော တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံ စီးပွားရေးဆိုင်ရာ ထိပ်သီး အစည်းအဝေး တွင် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ နီးပါးရှိ သဘောတူလက်မှတ်များကိုရေး ထိုးလိုက်ပြီဖြစ်သည်။ 


တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံ စီးပွားရေးဆိုင်ရာ ၂ ရက် တာ ထိပ်သီးအစည်းအဝေးတွင်ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ် ၁၈ ခု ရေးထိုးနိုင်ခဲ့ကြခြင်းဖြစ် သည်။ 


အဆိုပါ သဘောတူစာချုပ်များတွင် တရုတ်-လက်တင်အမေရိက ကုမ္ပဏီ များကြား တိရစ္ဆာန်မွေးမြူရေး၊ သတ္တု တူးဖော်ရေး၊  မော်တော်ကားနှင့် ဆေး ဘက်ဆိုင်ရာ  ကိရိယာများအစရှိသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်ရေးတို့လည်း ပါဝင်သည်။ 


လက်တင်အမေရိကနှင့် ကာရေဘီ ယံ ဒေသများအတွက် တရုတ်နိုင်ငံ သည် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက်တွင် နှစ်စဉ် ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော်ခဲ့ကြောင်း သိရ သည်။ 


လက်တင်အမေရိကနှင့် ကာရေ ဘီယံဒေသတွင် တရုတ်ထောက်ပံ့ထား သောလုပ်ငန်းပေါင်း ၂၇၀၀ ကျော်လည် ပတ်နေပြီး ထိုဒေသတွင် တရုတ်နိုင်ငံ သည် ဒုတိယအကြီး ဆုံးရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်သောနိုင်ငံဖြစ်သည်။

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ