နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျာနိုင်ငံ အနောက်တောင်ပိုင်းတွင် သေနတ်သမားများပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံး

နီအာမီ၊ နိုဝင်ဘာ ၁၉ 


နိုင်ဂျာနိုင်ငံ အနောက်တောင်ပိုင်း တွင် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ယခုဖြစ်ရပ်သည် မာလီ နိုင်ငံ နယ်စပ်တလျှောက် လူအသေအ ပျောက်များသော စီးနင်းတိုက်ခိုက်မှုများ အတွင်း  နောက်ဆုံးဖြစ်ရပ်လည်းဖြစ် ကြောင်း သိရသည်။  


တာဟိုအာဒေသရှိ ဘာကိုရတ်ရွာ အနီး ဒေသခံများ၏ ကိုယ်ပိုင်ကာကွယ် ရေး ပြည်သူစစ်စခန်းကို သေနတ်သမား များက ဆိုင်ကယ်ဖြင့် ဝင်စီးကာတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တီလီရာ မြို့တော် ဝန်က ပြောသည်။ အဆိုပါ တိုက်ခိုက်မှု အတွက် မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း မသိရသေးသော်လည်း ယခုနှစ်အတွင်း မာလီနယ်စပ်အနီးကျေး လက်ဒေသတစ်ရှိ အိုင်အက်စ်နှင့် ဆက် နွယ်သည့်အဖွဲ့တစ်ခု၏ တိုက်ခိုက်မှု ကြောင့်  အရပ်သားရာနှင့်ချီ၍သေဆုံးခဲ့ ဖူးကြောင်း အစိုးရဘက်က ထုတ်ပြန် ထားသည်။   


ပြီးခဲ့သည့် မတ်လကလည်း ဘာကို ရတ်နှင့်     အနီးနားကျေးရွာများကို သေနတ်သမားများက စီးနင်းခဲ့သည့် တိုက်ခိုက်မှုတစ်ခုအတွင်း လူ ၁၃၇ ဦး သေဆုံးခဲ့သဖြင့် ယင်းဖြစ်ရပ်မှာ  နိုင်ဂျာ နိုင်ငံ၏   မကြာသေးမီကာလအတွင်း အသေအပျောက်   အများဆုံးနေ့များ အနက် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ