နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဒေလီတွင် လေထုညစ်ညမ်းမှုလျော့ချရန် ဓာတ်အားပေးစက်ရုံများ ပိတ်ထားရ

နယူးဒေလီ၊  နိုဝင်ဘာ ၁၉


နယူးဒေလီနှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် နယူးဒေလီမှ  မြင့်မား လှသော လေထု ညစ်ညမ်းမှုကို တိုက်ဖျက် ရန် အရှိန်မြှင့်လုပ်ဆောင်သည့်အနေ ဖြင့် အစိုးရက ဓာတ်အားပေးစက်ရုံ ၅ ခုကို လုပ်ငန်းများယာယီ ရပ်ဆိုင်းစေပြီး ကျောင်းများကိုလည်း ပိုမိုရှည်ကြာစွာပိတ် ထားလိုက်ကြောင်း သိရသည်။  


ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံး မြို့တော်များအနက်  တစ်ခုဖြစ်သော နယူးဒေလီသည် ဆောင်းရာသီ မီးခိုး မြူပြဿနာကို နှစ်စဉ်ရင်ဆိုင်နေရပြီး ဆောင်း ရာသီတွင် အပူချိန်ကျဆင်းသော ကြောင့် ဓာတ်အားပေးစက်ရုံများမှ ဆိုးရွားလှသည့် လေထုညစ်ညမ်းစေ သောအရာများသည်   ပိတ်မိနေပြီး မော်တော်ယာဉ်များမှ   မီးခိုးများနှင့် အမှိုက်မီးရှို့ရာမှထွက်သော မီးခိုးများ ကြောင့် အခြေအနေကို ပိုမိုဆိုးရွားစေ ကြောင်း သိရသည်။ 


ထို့ပြင် နယူးဒေလီ ပတ်ဝန်းကျင်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ၅ ရုံကို ပိတ်ထားရန် ဖက်ဒရယ် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်သည်။ လေထုအခြေအ နေ နောက်ထပ်ပိုမို မဆိုးရွားစေရန်လို အပ်နေကြောင်း လေထုအရည်အသွေး စီမံခန့်ခွဲမှုကော်မရှင်က    ယင်းတို့၏ အမိန့်တွင် ဖော်ပြထားသည်။ 


အရေးမကြီးသော ကုန်တင်ထရပ် ကားများကိုလည်း ပိတ်ပင်ထားပြီး ဒေလီ နှင့် ပတ်ဝန်းကျင်တွင် ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်ထားသည်။ အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မခြင်း ကျောင်း များကိုလည်း ဆက်လက် ပိတ်ထားခိုင်း သည်။ အစိုးရဝန်ထမ်း ထက်ဝက်သည် လည်း နိုဝင်ဘာ ၂၁ ရက်နေ့အထိ နေအိမ်မှသာ အလုပ်လုပ်သင့်ကြောင်း ထုတ်ပြန်ထားသည်။

မျိုးဝင်း(Ref:BBC)






အခြားဆက်စပ်သတင်းများ