နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WHO နှင့် ပတ်သက်ဆက်နွှယ်မှုကို အဆုံးသတ်တော့မည်ဟု ဒေါ်နယ်ထရမ့် ကြေညာ

မေ ၃၀၊  ဝါရှင်တန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) နှင့် ဆက်နွှယ်မှုကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်၍ WHO က တရုတ်နိုင်ငံကို အပြစ်တင်၊ ဝေဖန်ရန် ပျက်ကွက်ခဲ့ သည်ဟု ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့သည်။

''ဒီနေ့မှာပဲ WHO နဲ့ ကျွန်တော်တို့ကြား ပတ်သက်မှုကို အဆုံးသတ်ပြီး အဲဒီရန်ပုံငွေတွေကို (တခြားပြည်သူ့ ကျန်းမာရေး ပရဟိတအဖွဲ့တွေအတွက်) ပြောင်းလဲလှူဒါန်းသွားပါမယ်။ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံး ဒုက္ခရောက်နေတာ တရုတ်အစိုးရရဲ့ အမှားကြောင့်ပါပဲ။ တရုတ်နိုင်ငံက WHO ကို အလုံးစုံထိန်းချုပ်ထားပါပြီ''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

အမေရိကန်နိုင်ငံမှာ WHO အတွက် ရန်ပုံငွေအများဆုံးထောက်ပံ့ပေးနေသည့်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ပံ့ပိုးပေးခဲ့သည်။ တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေခြင်းကို ဖုံးကွယ်ခဲ့သည်ဟု ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့သည်။ ယခုနှစ်တွင် တစ်ကျော့ပြန် သမ္မတရွေးကောက်ပွဲဝင်ရန် မဲဆွယ်စည်းရုံးနေသည့် ဒေါ်နယ်ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဝေဖန်ခံနေရသည်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁.၈ သန်း၊ သေဆုံးသူ ၁၀၄၀၀၀ ကျော် ရှိသည်။                 

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ