နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်အရေးကိုစိုးရိမ်ကြောင်းထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ဘလင်ကန်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၁၇


တရုတ်နှင့်   အမေရိကန်နိုင်ငံ ခေါင်းဆောင်များ ဗီဒီယိုမှတစ်ဆင့် ထိပ် သီး ဆွေးနွေးပွဲကျင်းပရန် ပြင်ဆင်နေ ချိန်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ် သည် ထိုင်ဝမ်ကို ဆက်လက်ဖိအားပေး နေခြင်းအတွက် စိုးရိမ်ကြောင်းပြော ကြားလိုက်သည်။


အဆိုပါ ပြောကြားချက်ကို အန်တိုနီ ဘလင်ကန်နှင့် တရုတ်နိုင်ငံခြားရေး ဝမ်တို့သည် သမ္မတဘိုင်ဒင်နှင့် သမ္မတ ရှီတို့နှစ်ဦးဗီဒီယိုဖြင့် တွေ့ဆုံရေးနှင့်စပ် လျဉ်း၍ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ ကြခြင်းဖြစ်ပြီး    ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍လည်း ပြောဆိုခဲ့ကြကြောင်း သိရသည်။


ထိုင်ဝမ်ရေလက်ကြား  ငြိမ်းချမ်း တည်ငြိမ်မှုအတွက်   အမေရိကန်၏ ကာလကြာမြင့်စွာရှိနေသည့် အကျိုး စီးပွားကို ဝန်ကြီးက အလေးထားပြောပြီး တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကိုစစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးဖိအားဆက် ပေးနေသည်ကို စိုးရိမ်ကြောင်း ပြော ကြားခဲ့သည်ဟု  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။


အဆိုပါ ကြေညာချက်တွင် “ထိုင်ဝမ် ရေလက်ကြား ပြဿနာကိုငြိမ်းချမ်းစွာနဲ့ ထိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုး စီးပွားနဲ့ ကိုက်ညီစွာဖြေရှင်းဖို့အတွက် စစ်မှန်တဲ့ဆွေးနွေးပွဲများလုပ်ဖို့'' ဟုပါရှိ ကြောင်းသိရသည်။

မျိုးဝင်း (Ref:AP)






အခြားဆက်စပ်သတင်းများ