နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူတွင် ကာကွယ်ဆေးထိုးပြီးသော ပြည်ပခရီးသွားများဝင်ရောက်ခွင့် ၅ နိုင်ငံထပ်တိုးခွင့်ပြု

စင်ကာပူ၊  နိုဝင်ဘာ ၁၇


စင်ကာပူနိုင်ငံသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးသော ပြည်ပနိုင်ငံများ မှ ခရီးသွားများဝင်ရောက်ခွင့် (VTL) အစီအစဉ်ကို အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံများကို ထပ် တိုးခွင့်ပြုပေးလိုက်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။


အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးသော ပြည်ပနိုင်ငံများမှ ခရီးသွား များ(VTLs) ဝင်ရောက်ခွင့် ထပ်တိုးအစီအစဉ်ကို နိုဝင်ဘာ ၂၉ ရက်တွင် အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများဖြင့် စတင်သွားမည်ဖြစ်ပြီး ကာတာ ၊ ဆော်ဒီအာရေဗျ နှင့် UAE (ယူအေအီး) နိုင်ငံများကိုမူ ဒီဇင်ဘာ ၆ ရက်တွင်     ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် စင်ကာပူနိုင်ငံသည် VTLs အစီအစဉ်ဖြင့် ဩစတြေးလျ ၊ ဘရူနိုင်း ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ နယ်သာလန် ၊ တောင်ကိုရီးယား ၊ စပိန် ၊ ဆွစ်ဇာလန် ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ကို ပြည်ဝင်ခွင့်ပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။


ထို့ပြင် စင်ကာပူနိုင်ငံသည် မလေးရှား ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံများနှင့်အတူ နိုဝင်ဘာ ၂၉ ရက်မှ စတင်ကာ VTLs အစီအစဉ်ကိုဆောင်ရွက်သွားရန်ရှိကြောင်းလည်းသိရသည်။


VTL အစီအစဉ်အောက်တွင် ခရီးသွားများအနေဖြင့် ဆိုက်ရောက်ချိန်တွင် Stay-Home နေထိုင်ရန်မလိုကြောင်း၊  ယင်းအစား ၎င်းတို့သည်သက်ဆိုင်ရာနိုင်ငံ ကမထွက်ခွာမီ ၂ ရက်အတွင်း ဆေးစစ်ထားသော (Pre-Departure Test) ၏ ရလဒ်တွင် ရောဂါကင်းရှင်းကြောင်း ပြသရန်လိုအပ်ပြီး စင်ကာပူနိုင်ငံသို့  ဆိုက်ရောက် ချိန်တွင် PCR စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရသိရသည်။

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ