နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Sinovac နှင့် Sinopharm ကာကွယ်ဆေးထိုးပြီးသည့် ခရီးသွားများကိုသာ အိုင်ယာလန် ပြည်ဝင်ခွင့်ပြု

ဝါရှင်တန်၊ နိုဝင်ဘာ ၁၆

အိုင်ယာလန်အစိုးရ ဝက်ဘ်ဆိုက် တွင် နိုင်ငံတကာ ခရီးသွားသတ်မှတ် ချက်အသစ်ထုတ်ပြန်ခဲ့ရာ  Sinovac နှင့် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသည့်  ခရီးသွားများကိုသာ  တရားဝင်လက်မှတ်  ကိုင်ဆောင်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်လိုက်သည်။  

သတ်မှတ်ချက်များအရ အိုင်ယာ လန်သို့ ဝင်ရောက်သည့် ခရီးသွားများ အနေဖြင့် Covid ကာကွယ်ဆေးထိုးနှံ ပြီးကြောင်း သို့မဟုတ် ရောဂါမှပြန်လည် ကျန်းမာလာကြောင်း   တရားဝင် လက်မှတ်ပြသရမည်ဖြစ်ပြီး ၇၂ နာရီ အတွင်း Nucleic acid  စစ်ဆေးမှု Negative အထောက်အထားပြရမည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် အိုင်ယာလန်အစိုးရက အသိအမှတ်ပြုသည့် ကိုဗစ်ကာကွယ် ဆေး ၆ မျိုးရှိရာ အသစ်ထပ်တိုးသည့် Sinovac နှင့် Sinopharm အပြင် Pfizer၊ Moderna၊ Johnson & Johnson နှင့် AstraZeneca ကိုဗစ်ကာကွယ်ဆေးများ ပါဝင်ကြောင်း သိရသည်။  

အောက်တိုဘာ ၂၂ ရက်မှစပြီး အိုင်ယာလန်အစိုးရ   ကူးစက်မှု အန္တရာယ်မြင့်မားသည့် နိုင်ငံများမှ ခရီးသွားများအား မဖြစ်မနေ ကွာရန် တင်း ဝင်ရန်  သတ်မှတ်ချက်ကိုဖျက်သိမ်း ခဲ့သည်။                      ရဲခေါင်(ref:BBC)






အခြားဆက်စပ်သတင်းများ