နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျား သမ္မတရွေးကောက်ပွဲ ကဒါဖီ၏ သားဖြစ်သူ ဝင်ရောက်ယှဉ်ပြိုင်မည်

ထရီပိုလီ၊ နိုဝင်ဘာ ၁၆


ကွယ်လွန်သူ လစ်ဗျားအာဏာရှင် ဟောင်း မွမ္မာကဒါဖီ၏ သားဖြစ်သူ အသက် ၄၉ နှစ်အရွယ် Saif al-Islam al-Gadhafi သည်  ဒီဇင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်  မှတ်ပုံတင်လိုက်ပြီ ဖြစ်သည်။


ဆယ်နှစ်နီးပါး လူမြင်ကွင်းတွင် ပျောက်နေသည့်  Saif က ဖခင်ဖြုတ်ချ ခံခဲ့ရပြီး နှစ်ပေါင်းများစွာ ပရမ်းပတာ ဖြစ်နေသည့် လစ်ဗျားတွင် သမ္မတအဖြစ် ဝင်ရောက်အရွေးခံရန် နိုင်ငံတောင်ပိုင်း Sebha မြို့ရှိ ရွေးကောက်ပွဲစင်တာသို့ လာရောက်ပြီး စာရင်းသွင်းခဲ့ခြင်းဖြစ် သည်။


လစ်ဗျားသမ္မတ ရွေးကောက်ပွဲ အတွက်  Saif Gadhafi  အပြင် လစ်ဗျားအရှေ့ပိုင်းဒေသ တပ်မှူးကြီး Khalifa Haftar၊  ဝန်ကြီးချုပ် Abdulhamid al-Dbeibah နှင့် လွှတ်တော်ဥက္ကဋ္ဌ Aguila Saleh တို့ လည်း  ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အားလုံးတွင် Saif  ကသာ နိုင်ငံတကာနှင့် ပိုမိုအကျွမ်းဝင်သူဖြစ် ကြောင်း သိရသည်။ နိုင်ငံရေးအကဲခတ် သူများကမူ ယင်းသည် လူထုမနှစ်သက် သည့် ဖခင်ဖြစ်သူ  လက်ထက်တွင်တာဝန် ထမ်းဆောင်ခဲ့သူ   ဖြစ်ခြင်းကြောင့် ပြည်သူ၏ လက်ခံနိုင်မှုကို ရနိုင်ချေမရှိ ကြောင်း သုံးသပ်ထားသည်။

ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ