နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထရမ့်ပိုင်ဆိုင်သည့် ဝါရှင်တန်ရှိ ဟိုတယ် ကန်ဒေါ်လာ သန်းသုံးရာကျော်ဖြင့် ရောင်းချမည်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၆


သမ္မတဟောင်း  ဒေါ်နယ်ထရမ့် မိသားစုပိုင်သည့်  ဝါရှင်တန်ဒီစီရှိ ''ထရမ့်ဟိုတယ်ကြီး'' ကို ကန်ဒေါ်လာ ၃၇၅ သန်းဖြင့် ရောင်းချရန် သဘောတူ ညီချက်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

မီယာမီရှိ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် CGI Merchant Group အနေဖြင့် အဆိုပါဟိုတယ်ကိုဝယ်ယူ ရန် စာချုပ်ရှိထားသူဖြစ်ပြီး ထရမ့် နိုင်ငံတကာဟိုတယ်သည် အိမ်ဖြူတော် နှင့် အနည်းငယ်သာ ကွာဝေးကြောင်း သိရသည်။


ဟိုတယ်သည်  သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ နှင့် နိုင်ငံတကာဧည့်တော်များအတွက် အရေးပါသောနေရာဖြစ်ပြီး CGI ကုမ္ပဏီ အနေဖြင့်ဟိုတယ်၏ နာမည်ဖြစ်သည့် ထရမ့်ကို ဖယ်ရှားပြီး နာမည်အသစ် ပေးရန်ရှိကြောင်း ပြောသည်။


ဒီမိုကရက်တစ်အများစုဖြင့် ဖွဲ့စည်း ထားသော ကော်မတီ၏ပြောကြားချက် အရ ထရမ့်ဟိုတယ်သည် နိုင်ငံခြား အစိုးရထံမှ ငွေပေးချေမှု ကန်ဒေါ်လာ          ၃ ဒသမ ၇ သန်းကို လက်ခံရရှိခဲ့ကြောင်း၊ ယင်းကဲ့သို့သော   ကိစ္စများကြောင့် အငြင်းပွားဖွယ်ရာများရှိကောင်း ရှိနိုင် ကြောင်း သိရသည်။


ထရမ့်ဟိုတယ်သည် ဝါရှင်တန်ဒီစီ တွင် ဝါရှင်တန်  အထိမ်းအမှတ် အဆောက်အဦပြီးလျှင် ဒုတိယမြောက် အမြင့်ဆုံးအဆောက်အဦဖြစ်ပြီး ယခင် က အမေရိကန်စာတိုက်ဌာန ဌာနချုပ် တည်ရှိခဲ့သော နေရာလည်းဖြစ်သည်။

ရဲခေါင် (Ref: Reuters)






အခြားဆက်စပ်သတင်းများ