နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယသို့ ဒုံးကျည်လက်နက် ပစ္စည်းများ ရုရှားစတင်ပေးပို့

မော်စကို၊ နိုဝင်ဘာ ၁၆


S-400 မြေပြင်မှ   ဝေဟင်ပစ် ဒုံးကျည်စနစ်နှင့် ဆက်စပ်သည့် စစ် လက်နက်ပစ္စည်းများကို  အိန္ဒိယနိုင်ငံ ကို စတင်ပို့ပေးနေပြီဖြစ်ကြောင်း ရုရှားစစ်တပ် ပူးပေါင်းဆောင်ရွက်ရေး  အေဂျင်စီ အကြီးအကဲ  Dmitry Shugayev က ပြောသည်။


၂၀၁၇ အမေရိကန် ဥပဒေတစ်ရပ် တွင် ရုရှားထံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူ သည့် နိုင်ငံများကို  အမေရိကန်က ဒဏ်ခတ် အရေးယူခွင့်ရှိခြင်းကြောင့် ရုရှား  စစ်လက်နက်ဝယ်ယူသည့် အိန္ဒိယသည် ဒဏ်ခတ်မှုအန္တရာယ်ကို ရင်ဆိုင်ရဖွယ် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။


S-400 ဒုံးကျည်ပစ်စနစ် ပထမ အသုတ်အနေဖြင့် ယခုနှစ်ကုန်ပိုင်း တွင် အိန္ဒိယသို့ ရောက်မည်ဖြစ်ကြောင်း Shugayev က ပြောသည်။ S-400 သည်  ဒုံးပစ်စင်နှင့် ထိန်းချုပ်ရေးစနစ်ပါသည့်  အကြီးစား စစ်ကားအမျိုးအစားဖြစ်ပြီး တာဝေးပစ်နိုင်မည့်  ၅ စင်းအတွက် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံနှင့် ရုရှားထံမှ ဝယ်ယူရန် ၂၀၁၈ တွင် သဘောတူ ခဲ့ကြ သည်။


အိန္ဒိယကမူ  တရုတ်၏စစ်ရေး ခြိမ်းခြောက်မှုကို တုန့်ပြန်နိုင်ရန် ယခုလို ဝယ်ရခြင်းဖြစ်ပြီး အမေရိကန်ကပြဋ္ဌာန်း ထားသည့် CAATSA  ဒဏ်ခတ်မှု ဥပဒေအရ   ရုရှားနိုင်ငံနှင့် အတူ မြောက်ကိုရီးယား၊   အီရန်တို့ကို ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်မှုချမှတ် ထားပြီး အိန္ဒိယကလည်း အလားတူ အဖြစ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။ 

မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ