နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘူဂေးရီးယားရှိ ဆေးရုံမီးလောင်မှုတွင် လူနာ ၃ ဦး သေဆုံးကြောင်း အတည်ပြု

ဆိုဖီယာ၊ နိုဝင်ဘာ ၁၆


ဘူဂေးရီးယားနိုင်ငံ    အရှေ့ တောင်ပိုင်း Sliven မြို့ရှိ ဆေးရုံတစ်ခု ၌ မီးလောင်မှုဖြစ်ပွားရာ လူနာ ၃ ဦး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများ က အတည်ပြုပြောကြားသည်။ 


ယင်းမီးလောင်မှုသည် COVID-19 လူနာဆောင်တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ    မီးဘေးလုံခြုံရေး ညွှန်ကြားရေးမှူး Vladimir Demirev က ပြောကြားသည်။ 


မီးသတ်သမားများက လူနာဆောင် အတွင်း လူနာ ၂ ဦး သေဆုံးနေသည်ကို တွေ့ရှိပြီး  အခြားလူနာတစ်ဦးကို ဆေးရုံသို့  ပို့ဆောင်ခဲ့သော်လည်းသေဆုံး သွားကြောင်း  Demirev  က ဖြည့်စွက် ပြောကြားသည်။ မီးလောင်မှုဖြစ်ပွားရ သည့် အကြောင်းရင်းကိုမူ  စုံစမ်းစစ်ဆေး လျက်ရှိကြောင်း   မီးဘေးလုံခြုံရေး ညွှန်ကြားရေးမှူး Vladimir Demirev က ပြောကြားသည်။ 

မျိုးဝင်း (ref:XinhuaNet)






အခြားဆက်စပ်သတင်းများ