နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းမြို့နယ်၌ Online ဖြင့်လောင်းကစားပြုလုပ်နေသူများ ဖမ်းဆီးရမိ

ရန်ကုန် မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဇော်ဇော်ဦး(၄၃)နှစ်၏ နေအိမ်အား လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ယမန်နေ့၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ဇော်ဇော်ဦးအား လောင်းကစား ပြုလုပ်နေသူ တစ်ရပ်ကွက်တည်းနေ ဖြိုးမြင့်သူ(၃၃)နှစ်ပါ ၈ ဦးတို့နှင့်အတူတွေ့ရှိပြီး နေအိမ်ဧည့်ခန်းအတွင်း၌ Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃ လုံး၊ ဖုန်း ၁၅ လုံး၊ ဘဏ်စာအုပ် ၆ အုပ်နှင့် ဘဏ်ကတ်မျိုးစုံ၊ နိုင်ငံကူးလက်မှတ် စာအုပ် ၃ အုပ်၊ ငွေလွှဲလက်ခံပြေစာ ဖြတ်ပိုင်း ၂၁ ရွက်၊ ငွေစက္ကူရောရာ ၃,၃၀၀,၀၀၀ ကျပ်၊ Wi-Fi လွှင့်စက် ၁ လုံး၊ Wave Money လုပ်ကိုင်သည့် ဆင်းကတ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဇော်ဦးပါ ၉ ဦးတို့အား ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၉၄၈/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ