နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

မူဆယ် မေ ၃၀

   ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ မွန်းလွဲ ၃ နာရီခွဲအချိန်က  ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအနီး လားရှိုး-မူဆယ် ကားလမ်း၌ (၁၀၅)မိုင်ဂိတ်ဘက်မှ မူဆယ်မြို့ဘက်သို့ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်ကျေးရွာနေ ဝင်းဇော်ပိုင်(၁၇)နှစ် မောင်းနှင်လာသည့် 2G/xxxx Harrier ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ဖက် စပယ်ယာ ဘီးထည့်သည့် အံဝှက်အတွင်းမှ MG-1လက်ပစ်ဗုံး ၂ လုံးနှင့် တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်မေးရာ ယာဉ်ပိုင်ရှင်မှာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၌ Moon Light KTV ဖွင့်လှစ်ထားသည့် ဦးယိင်တင်(ခ)ယိုင်တင်(၄၄)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် Moon Light KTV သို့ ဝင်ရောက်ရှာဖွေရာ ဦးယိင်တင်(ခ)ယိုင်တင်အား မတွေ့ရှိဘဲ ဆိုင်ခန်း ဒုတိယထပ်ရှိ အိပ်ခန်းအတွင်း သံဘီရိုအတွင်းမှ ဩစတေးလျ နိုင်ငံထုတ် Glock ပစ္စတိုသေနတ် ၁ လက်၊ ယင်းကျည်အိမ် ၁ ခု၊ ဘရားဇီးနိုင်ငံထုတ် Beretta ပစ္စတိုသေနတ် ၁ လက်၊ ယင်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ ပွိုင့် ၃၈ ဗို့ ကျည် ၈ တောင့်၊ M-22 ကျည် ၃၂တောင့်၊ စက်လတ် ကျည်ခါးပတ်တွဲအတို(ကျည်မပါ) ၁ ခု၊ လက်ပစ်ဗုံးဖြူးစ် ၂ ခုနှင့် RZN အမျိုးအစား စကားပြောစက် ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် ဦးယိင်တင်(ခ)ယိုင်တင်အား မူဆယ်မြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ