နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ကြီးနားမြို့၌ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

မြစ်ကြီးနား မေ ၃၀

  ကချင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက် ၄ နာရီ ၁၅ မိနစ် အချိန်က မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် မြို့ပတ်လမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် နန်ကျင်ကျေးရွာဘက်မှ တပ်ကုန်းရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၃ စီး အား ရပ်တန့်ရန်တားဆီးရာ အဆိုပါယာဉ်များအနက် 2I/xxxx  Land Cruiser ယာဉ်၏ ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်ကာထွက်ပြေး တိမ်းရှောင် သွားပြီး အဆိုပါယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် တရားမဝင်သယ်ဆောင်လာသော အရွယ်ဆိုဒ်စုံ ကျောက်စိမ်းတုံး ၉၇ တုံးအားလည်းကောင်း၊ ဝိုင်းမော်မြို့နယ်၊ မခေါယန်ကျေးရွာနေ မုန်ထွယ်အောင်(၂၇)နှစ် မောင်းနှင်ပြီး မြစ်ကြီးနားမြို့နယ်၊ ဆယ်မိုင်ကျေးရွာနေ အောင်လွင်(၁၉)နှစ် လိုက်ပါလာသည့် 2G/xxxx Land Cruiser ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် တရားမဝင်သယ်ဆောင် လာသော အရွယ်ဆိုဒ်စုံကျောက်စိမ်းတုံး ၁၀၈ တုံးအားလည်းကောင်း၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်နေ ဇန်ထဖုန်အောင်(၂၅)နှစ်မောင်းနှင်သည့် 1P/xxxx Land Cruiser ယာဉ်ပေါ်မှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် တရားမဝင်သယ်ဆောင်လာသော အရွယ်ဆိုဒ်စုံ ကျောက်စိမ်းတုံး ၉၈ တုံးအားလည်းကောင်း၊ စုစုပေါင်း အရွယ်ဆိုဒ်စုံ ကျောက်စိမ်းတုံး ၃၀၃ တုံး၊ အလေးချိန် ၂၉၃၅ ကီလိုခန့်တို့အား သိမ်းဆည်းရမိခဲ့သောကြောင့်  မြစ်ကြီးနားမြို့မရဲစခန်း (ပ)၁၉၁/၂၀၂၀၊ ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ