နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PUBG MOBILE ၏ Myanmar Championship 2020 ဖိုင်နယ် Online ဂိမ်းပြိုင်ပွဲကြီးတွင် အနိုင်ရရှိခဲ့သည့် အသင်းများနှင့် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိခဲ့သည့် အသင်းများထွက်ပေါ်

ရန်ကုန် ဧပြီ ၂ PUBG MOBILE မှ COVID-19 အခြေအနေကြောင့် ကစားသမားများ အားပေးသော ပရိသတ်များနှင့် ပါဝင်သူအားလုံး၏ ဘေးကင်းလုံခြုံမှုအတွက် Myanmar Championship 2020 ဖိုင်နယ် ဂိမ်းပြိုင်ပွဲကို Online သီးသန့်ပြိုင်ပွဲအဖြစ် မတ်လ ၂၉ ရက်မှ ၃၀ ရက်အထိမွန်းလွဲ ၁ နာရီမှ ည ၈ နာရီထိ ကျင်းပခဲ့ပြီး အဆိုပါ ဖိုင်နယ် Online ဂိမ်းပြိုင်ပွဲမှ ဆုရရှိသည့် အသင်းများထွက်ပေါ်လာခဲ့ကာ ဆုကြေးငွေများနှင့်အတူ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း PUBG MOBILE က သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲကြီးကို MPT က Official Telecom Partner အဖြစ် ပူးပေါင်းကူညီပံ့ပိုးထားပြီး PUBG MOBILE နှင့် MPT Facebook Page တို့မှလည်း တိုက်ရိုက် LIVE Stream ပြသသွားခဲ့ကြောင်းသိရသည်။ My GALAXY အသင်းသည် PUBG MOBILE Myanmar Championship 2020 ၏ Champion ဖြစ်ခဲ့ပြီး First Runner-Up ဆုကို Yangon Galacticos က လည်းကောင်း၊ Second Runner-Up ဆုကို DEUS Esport က လည်းကောင်း၊ Third Runner-Up ဆုကို Team SCOTT က လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။ PUBG MOBILE မှ Champion ရရှိခဲ့သည့် My GALAXY အသင်းကို ကျပ်သိန်း ၁၅၀၊ First Runner-Up ရရှိခဲ့သည့် Yangon Galacticos အသင်းကို ကျပ်သိန်း ၁၀ဝ၊ Second Runner-Up ရရှိခဲ့သည့် DEUS Esport အသင်းကို ကျပ် သိန်း ၆၀၊ Third Runner-Up ရရှိခဲ့သည့် Team SCOTT အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိသည့် အသင်းများကို ကျပ် ၁၅ သိန်းစီ၊ အဆင့် ၉ မှ ၁၈ ရရှိသည့် အသင်းများကို ကျပ် ၁၀ သိန်းစီ ဆုကြေးငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ ထို့အပြင် ယခုဖိုင်နယ်အဆင့်ပြိုင်ပွဲတွင် ထိပ်ဆုံးရရှိသော အသင်း ၄ သင်းဖြစ်သည့် My GALAXY၊ Yangon Galacticos၊ DEUS Esport၊ Team SCOTT တို့သည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ အဆိုပါမြန်မာအသင်း ၄ သင်းနှင့်အတူ လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့ တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်း တို့သည် PMCO SEA Wildcard Final အဆင့်တွင် Online မှတစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါ PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း ၃ သင်းကသာ ကိုယ်ပိုင် League ရှိသော နိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများ နှင့်အတူ PMCO SEA Final သို့ တက်လှမ်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ PMCO SEA Final ပြိုင်ပွဲကြီးတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,ဝ၀ဝ တန်ဖိုးရှိသည့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ