နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ကိုကာကွယ်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကတိပြု

တိုကျို၊ နိုဝင်ဘာ ၁၅


အမေရိကန်နိုင်ငံအနေဖြင့်တရုတ် ပိုင်သည်ဟု ပြောနေသော တောင်ပိုင်း ကျွန်းငယ်များအပါအ၀င်  ဂျပန်ကို ကာကွယ်မည့်  ကတိက၀တ်များကို  တွန့်ဆုတ်ခြင်းမရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက  အတည်ပြု ပြောကြားလိုက်သည်။


တရုတ်နိုင်ငံနှင့် ဂျပန်၏ဆက်ဆံ ရေးမှာ အရှေ့တရုတ်ပင်လယ်မှ ဂျပန် နိုင်ငံ စီမံအုပ်ချုပ်သည့် ကျွန်းများနှင့် ပတ်သက်၍ ပိုင်နက်အငြင်းပွားမှုများ ကြောင့်သာမက ယခင်က ဂျပန်ကစစ်ရေးကျူးကျော်သိမ်းပိုက်မှုများကြောင့်လည်း ဆိုးရွားလျက်ရှိသည်။


ဂျပန်စီမံအုပ်ချုပ်သည့်  ပိုင်နက် များကို လက်နက်ကိုင် တိုက်ခိုက်ခြင်း သည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအတွက် အန္တရာယ်များ ပြီး  အဆိုပါ အန္တရာယ်ကိုရင်ဆိုင်ရန် လုပ်ကိုင်သွား မည်ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အရေးပါသည်ဆိုသည့် အမြင်တွင်လည်း ယင်းတို့နှစ်ဦးအနေဖြင့် သဘောတူထား ကြောင်း ဂျပန်ဘက်က ပြောသည်။


တရုတ်လေတပ်က   ထိုင်ဝမ် ပိုင်နက်အတွင်း  မကြာခဏကျူးကျော် နေခြင်းကြောင့် ထိုင်ဝမ်ရေလက်ကြား  ဆက်ဆံရေးသည် မကြာသေးမီလ များအတွင်း တင်းမာနေပြီး  အရှေ့ နှင့် တောင်တရုတ်ပင်လယ်များတွင် မူလအခြေအနေကို ပြောင်းလဲရန် တရုတ်၏ တစ်ဖက်သတ်အားထုတ်မှု များကို ဂျပန်နှင့် အမေရိကန်တို့က ပြင်းထန်စွာ ရှုတ်ချပြီး တရုတ်နှင့် ပတ်သက်သည့်  ပြဿနာများကို တုန့်ပြန်ရာတွင် မဟာမိတ်နှစ်နိုင်ငံတို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ရေးကိုလည်း ကတိပြုထားကြောင်း သိရသည်။        

    ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ