နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘယ်လာရုစ်အရေး စိုးရိမ်ကြောင်း သမ္မတ ဘိုင်ဒန် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၁၅


ဘယ်လာရုစ်နိုင်ငံသည် ယင်း၏ ပိုင်နက်မှတစ်ဆင့် ပိုလန်နှင့်လစ်သူ ရေးနီးယားနိုင်ငံများသို့  ရွှေ့ပြောင်း အခြေချသူများကို အားပေးနေသည် ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်နေရ ချိန်တွင် ဘယ်လာရုစ်နိုင်ငံအရေးကို စိုးရိမ်ကြောင်း အမေရိကန်သမ္မတ ဘိုင်ဒင်က ပြောသည်။ 


ဘယ်လာရုစ်သည် စစ်ဖြစ်နေသော နေရာများမှ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချ  ထောင်ပေါင်းများစွာ ကိုပို့ဆောင်ပြီး  ဥရောပသမဂ္ဂ ပိုင်နက်အတွင်း တရားမ၀င်နယ်စပ် ဖြတ်ကျော် ၀င်ရောက်စေခြင်းဖြင့် ယင်းတို့အဖွဲ့ကို မတည်ငြိမ်အောင် တိုက်ခိုက်မှုလုပ်နေသည်ဟု ဥရောပ သမဂ္ဂက စွပ်စွဲခဲ့သည်။


အများစုမှာ အီရတ်နှင့် အာဖဂန်မှ ဖြစ်သော  ရွှေ့ပြောင်းအခြေချများ သည် ဘယ်လာရုစ်နှင့် ဥရောပသမဂ္ဂ နိုင်ငံများဖြစ်သော  ပိုလန်နှင့် လစ်သူရေးနီးယား နယ်စပ်ရာသီဥတု လွန်စွာအေးသော အခြေအနေတွင် ခိုလှုံနေရပြီး အဆိုပါနိုင်ငံများက ယင်းတို့ကို လက်မခံဘဲအချို့မှာ သေဆုံးကုန်ကြပြီး ဆိုးရွားသော ဆောင်းရာသီ ရောက်ရှိလာသောကြောင့် နောက်ထပ် စိုးရိမ်စရာများဖြစ်လာ ကြောင်း သိရသည်။ ဘယ်လာရုစ် အနေဖြင့် အကျပ်အတည်း ဖန်တီး သည်ဆိုသည့် စွပ်စွဲချက်ကိုပယ်ချပြီး ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှု မရုပ်သိမ်းလျှင် ကူညီဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း  ပြောကြား ထားသည်။

၂၀၂၀ ပြည့်နှစ်အတွက်ဘယ်လာရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ကို ဆန့်ကျင်သည့်  ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းသောကြောင့် ဥရောပသမဂ္ဂက ထိုအရေးယူပိတ်ဆို့မှု များ ချမှတ်ထားခြင်းဖြစ်ကြောင်း သိရ သည်။               

    ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ