နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ကာကွယ်ဆေး တန်းတူညီမျှမရသည့်အပေါ် WHO အကြီးအကဲ ဝေဖန်ပြောဆို

ဂျီနီဗာ၊ နိုဝင်ဘာ ၁၅


ဝင်ငွေနိမ့်နိုင်ငံများတွင် COVID-19 ရောဂါကာကွယ်ဆေး ပထမတစ်လုံး ထိုးပေးသည့်  အရေအတွက်ထက် ချမ်းသာသည့်နိုင်ငံများတွင် ဖြည့်စွက် Covid ကာကွယ်ဆေး ထိုးပြီးသည့်  အရေအတွက်မှာ နေ့စဉ် ၆ ဆ ပိုများ နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြောသည်။


လူဦးရေအများစုကို ကာကွယ်ဆေး ထိုးပေးပြီးသည့် နိုင်ငံများတွင် ကာကွယ်ဆေးများ သိုလှောင်ထား ကြချိန်၌ ဝင်ငွေနိမ့်နိုင်ငံများတွင်မူ ကာကွယ်ဆေးရရန် စောင့်နေရဆဲပင် ဖြစ်ကြောင်း WHO  အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောသည်။


တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေး တန်းတူညီမျှမရရှိသည့် ဖြစ်စဉ်များ ကို အမြန်ဆုံးရပ်ပစ်နိုင်ရန် ကြိုးပမ်း ရမည်ဖြစ်ကြောင်း Tedros က ပြော သည်။ ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေအဆင့်  နိုင်ငံများအတွက် COVID-19 ရောဂါကာကွယ်ဆေး ကူညီရန်ရည်ရွယ်သည့် COVAX အစီအစဉ်အနေဖြင့် ကာကွယ်ဆေး တန်းတူညီမျှမရခြင်းများ လျော့ကျ စေရန် ကူညီနိုင်ကြောင်း၊သို့ရာတွင် နိုင်ငံတိုင်းရှိ လူဦးရေ ၄၀ ရာခိုင်နှုန်း ကို ယခုနှစ်ကုန်တွင် ကာကွယ်ဆေး ထိုးပေးရေး ရည်မှန်းချက်ပြည့်မီ ရန် ကာကွယ်ဆေးအရေအတွက် အနည်းဆုံး သန်းပေါင်း ၅၅၀ လိုအပ် ကြောင်း WHO အကြီးအကဲ Tedros Ghebreyesus က ပြောကြားထားသည်။

မျိုးဝင်း (ref:BBC)






အခြားဆက်စပ်သတင်းများ