နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်ဝါဒ ပူးပေါင်းတိုက်ဖျက်ရေး ကန်-ပြင်သစ် ထပ်မံကတိပြု

ပဲရစ်၊ နိုဝင်ဘာ ၁၅


အမေရိကန်နှင့် ပြင်သစ်အကြား ကမ္ဘာ့အကြမ်းဖက်သမားနှိမ်နင်းရေး တွင်  ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူညီမှု  ရရှိထားခြင်းကို ထပ်မံ အတည်ပြုနိုင်ခဲ့ကြောင်း ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်ဒုတိယသမ္မတ Kamala Harris က ပြောသည်။


အထူးသဖြင့် အခြေအနေဆိုးရွား နေသည့် အာဖရိကတိုက် ဆာဟဲဒေသရှိ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန် ဖြစ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။


အမေရိကန် ဒုတိယသမ္မတသည် ပြင်သစ်နိုင်ငံကို ၄ ရက်ကြာ သွားရောက် လည်ပတ်ခြင်းဖြစ်ပြီး သမ္မတဘိုင်ဒင် အစိုးရကို ကိုယ်စားပြုပြီး အမေရိကန် နှင့် ပြင်သစ်အကြား ဆက်ဆံရေးများ ပြန်လည်တိုးတက် ကောင်းမွန်လာ စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။ 


သို့ရာတွင် ယင်း၏ ခရီးစဉ်အတွင်း နိုင်ငံအတွက် အချေအတင်ဖြစ်ခဲ့ရသည့် သြစတြေးလျ   ရေငုတ်သင်္ဘောကိစ္စ       ကိုမူ ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိဘဲ အတ္တလန်တိတ်ဒေသ  လုံခြုံရေးကိစ္စ၊ အာကာသစူးစမ်းလေ့လာရေး၊ ကမ္ဘာ့ ကျန်းမာရေးပြဿနာစသည့် ကိစ္စရပ် များကို  ပြင်သစ်သမ္မတ  Macron နှင့် ဆွေးနွေးခဲ့ကြောင်း  အမေရိကန် ဒုတိယသမ္မတ Kamala Harris က ပြောသည်။

ရဲခေါင် (ref:AFP)






အခြားဆက်စပ်သတင်းများ