နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Tesla ၏ ရှယ်ယာများ ရောင်းချ

နယူးယောက်   နိုဝင်ဘာ  ၁၂


ကမ္ဘာကျော် Tesla ကုမ္ပဏီ၏အမှု ဆောင်အရာရှိချုပ်ဖြစ်သည့် အီလွန် မတ်ခ်သည် ယင်း၏ရှယ်ယာများကို ရောင်းသင့်၊ မရောင်းသင့်ကို တွစ်တာ တွင်စစ်တမ်းကောက်ပြီးနောက် ကန် ဒေါ်လာတစ်ဘီလီယံခန့် တန်ဖိုးရှိသည့် ရှယ်ယာအရေအတွက်ပေါင်း ကိုးသိန်း ခန့်ကိုရောင်းချလိုက်သည်။  


တွစ်တာတွင် followers များကို ယင်း၏ ရှယ်ယာပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းကို ရောင်းမရောင်းသင့်ကို စစ်တမ်းကောက်ရာတွင် followers ၃ ဒသမ ၅ သန်းက ရောင်းချရန် မဲပေးခဲ့ ခြင်းဖြစ်သည်။ 


အရောင်းအဝယ်ကို ပြီးခဲ့သည့်ရက်ကတည်းက ပိတ်ခဲ့ခြင်း ဖြစ်ပြီး၊ စက်တင်ဘာလကတည်းက အီလွန်မတ်ခ်ကိုပေးထားခဲ့သည့် စတော့ ရွေးချယ်မှုနှင့်ပတ်သက်ပြီး အကောက် ခွန်များကို ရှယ်ယာရောင်းဝယ်မှုမှ ရရှိသောငွေဖြင့် ပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။ 


ယင်းအနေဖြင့် ရှယ်ယာပေါင်း ၂ ဒသမ ၁ သန်းကို ရှယ်ယာတစ်ခုတွင် ၆ ဒသမ၂၄ ဒေါ်လာဖြင့်ဝယ်ယူရန် ရွေးချယ်မှုပေးခဲ့ခြင်းဖြစ်သည်။ 


စက်တင်ဘာတွင် စတင်အသုံးပြုခဲ့ သော   ကုန် သွယ် ရေး အစီအစဉ်ကြောင့် ရောင်းချရန်လျာထားပြီး လာမည့်နှစ် တွင် သက်တမ်းကုန်တော့မည့် ရှယ်ယာလွှဲပြောင်းမှုကို တိုက်ရိုက် ထိခိုက်နေကြောင်း အမေရိကန် လုံခြုံရေးနှင့် ငွေလဲဆိုင်ရာကော်မရှင် က ပြောကြားသည်။ 


လေ့လာသူ တစ်ဦးဖြစ်သည့် ဒယ်နရယ်အိုင့်စ်၏ ပြောကြားချက်အရ အီလွန်မတ်ခ်အနေဖြင့် နှစ်ကုန်ပိုင်း တွင် ရှယ်ယာများ ထပ်မံရောင်းနိုင်ခြေ ရှိကြောင်း ပြောကြားထားသည်။

ရဲခေါင် (ref: BBC)






အခြားဆက်စပ်သတင်းများ