နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကြောင့် သေဆုံးသူ ဘရာဇီးလ်တွင် ခြောက်သိန်း ကျော်လာ

ဘရာဇီးလီးယား   နိုဝင်ဘာ  ၁၂


ကိုဗစ်-၁၉ ကြောင့် ၂၄ နာရီ အတွင်း သေဆုံးသူအရေအတွက် ၂၈၀ ကျော်ရှိခဲ့သဖြင့် နိုင်ငံတစ်ဝန်းသေဆုံးခဲ့ ရသည့်အရေအတွက် စုစုပေါင်းမှာ ၆၁၀,၀၃၆ ဦးထိရှိလာခဲ့ပြီဖြစ်ကြောင်း ဘရာဇီးလ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။   


ကျန်းမာရေး အာဏာပိုင်များက ကူးစက်ခံရသူ ၁၂၂၇၃ ဦး အသစ်ထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာ တစ်နိုင်ငံလုံးတွင် ၂၁,၉၀၉,၂၉၈ ထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ 


ဘရာဇီးလ်တွင် ပြီးခဲ့သည့် ရက် သတ္တပတ်အထိ ကူးစက်မှုနှင့် သေဆုံးမှု နှုန်းမှာ တစ်ရက်လျှင် ၂၅၇ ဦးသေဆုံး ကာ ၁၀၅၀၂ ဦးကူးစက်ခံရပြီး တောင် အမေရိကနိုင်ငံဖြစ်သည့် ဘရာဇီးလ် တွင် ဒေသခံများအကြား ကူးစက်မှုနှင့် သေဆုံးမှုနှုန်းမှာ  လူတစ်သိန်းလျှင် ၂၉၀ ဒသမ ၃ ဦးနှုန်းသေဆုံးကာ ၁၀၄၂၅ ဒသမ ၇ ဦးနှုန်း ကူးစက်ခံနေရ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။


ဘရာဇီးလ်လူဦးရေ၏ ၇၃ ဒသမ၂၈ ရာခိုင်နှုန်းရှိသည့်လူဦးရေ  ၁၅၆ ဒသမ ၃ သန်းသည် ကိုဗစ် ကာကွယ်ဆေး ပထမအကျော့ ထိုးနှံပေးခဲ့ပြီးဖြစ်ကာ ယင်းတို့အနက် ၁၂၁ ဒသမ ၇ သန်း သည် ဆေးနှစ်ကျော့လုံးထိုးနှံပြီးဖြစ် သည်။        

                မျိုးဝင်း (ref:BBC)






အခြားဆက်စပ်သတင်းများ