နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းအနီး ရုရှား၏စစ်ရေးလှုပ်ရှားမှု အမေရိကန် စိုးရိမ်

ဝါရှင်တန်   နိုဝင်ဘာ  ၁၂


ယူကရိန်းနိုင်ငံနယ်စပ် အနီးတွင် ပုံမှန်မဟုတ်သော ရုရှား၏စစ်ရေး လှုပ်ရှားမှုသတင်းများနှင့် ပတ်သက်၍ အမေရိကန်က စိုးရိမ်မိကြောင်း အမေရိကန် ထိပ်တန်းသံတမန်က ပြောကြားလိုက်သည်။  

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် အန်တိုနီဘလင်ကင်က ပိုပြင်းထန်လာသည့် အမှားအယွင်း မခံသောလုပ်ရပ်များသည် အမေရိကန် အတွက် အလွန်စိုးရိမ်စရာဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ 


ဘလင်ကန်သည် ယူကရိန်း အရှေ့ပိုင်းပဋိပက္ခတွင် အမေရိကန်က ဒေသတွင်း တင်းမာမှုလျော့ချရေးနှင့် သံတမန်ရေးရာပြေလည်စေရန် ပံ့ပိုး ပေးနေကြောင်း ပြောသည်။ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ယခုလအစောပိုင်းက ရုရှားသည် ယူကရိန်းနယ်စပ်အနီးယင်း၏ စစ် အင်အားကို ဆက်လက်တည်ဆောက် နေပြီး ရုရှားတပ်ဖွဲ့ဝင် ၉၀,၀၀၀ ရှိကြောင်း သတင်းဌာနများတွင် ဖော်ပြ ထားသည်။  


ပင်တဂွန်သည်  မော်စကိုအနေဖြင့် ဒေသတွင်းလုပ်ဆောင်ချက်များ၊ ရည်ရွယ် ချက်များနှင့်ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပွင့်လင်းမြင်သာမှု ရှိရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ရဲခေါင် (Ref: Reuters)






အခြားဆက်စပ်သတင်းများ