နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြားစားသောက်ကုန်လုပ်ငန်းများ တရုတ်တွင် ဈေးကွက်ချဲ့ထွင်နေ

ပေကျင်း   နိုဝင်ဘာ  ၁၂


နိုင်ငံခြားအစားအသောက်ကုမ္ပဏီ များဟာ တရုတ်-နိုင်ငံတကာသွင်းကုန် ပြပွဲတွင် ယင်းတို့၏ စီးပွားရေးလုပ်ငန်း များကိုတိုးချဲ့ရုံသာမက တရုတ်နိုင်ငံ၏ စားသုံးသူများအတွက်သာ ထုတ်လုပ် ထားသော အစားအသောက်ကုန်များ ကိုလည်း စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း အစားအသောက်ကုမ္ပဏီအများစုအနေ ဖြင့် တရုတ်နိုင်ငံ၏ အခွင့်အရေးများ သည် ယင်းတို့၏ စီးပွားရေးတိုးချဲ့ နိုင်မှုကို ပေးစွမ်းနိုင်မည်ဆိုသည်ကို ယုံကြည်လျက်ရှိသည်။ 


ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက်ပိုင်း စားသုံးသူများသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုသာ ပိုမိုရွေးချယ်စားသုံးလာခြင်းကြောင့် တရုတ်-နိုင်ငံတကာ သွင်းကုန်ပြပွဲကြီး သည် အလွန်ကောင်းသော စင်မြင့်ကြီး ဖြစ်ကြောင်း Tyson Food China ၏ ပြည်သူ့ဆက်ဆံရေးက ယိုခွန်က ပြော သည်။ နိုင်ငံခြားအစားအသောက်ကုန် လုပ်ငန်းအများစုသည် ယင်းတို့၏ ထုတ်လုပ်မှုကို တရုတ်နိုင်ငံတွင်သာ လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြပြီး၊ တရုတ်နိုင်ငံ၏ စားသုံးသူများကိုသာ ဝန်ဆောင်မှုပေးရန်သာမကဘဲ ဒေသ အတွင်း စိုက်ပျိုးမှုနှင့် စိုက်ပျိုးရေး ကဏ္ဍတွင်လည်း တိုးတက်မှုဖော်ဆောင် ရန်ဖြစ်ကြောင်း သိရသည်။


ဩစတြေးလျနိုင်ငံ၏ စားသောက် ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် v2food ကလည်း တရုတ်နိုင်ငံ၏ ဒေသလုပ်ငန်း သုံးခုနှင့်မိတ်ဖွဲ့ထားပြီး တရုတ်နိုင်ငံ အတွင်း စီးပွားရေးတိုးချဲ့ဖို့ဆောင်ရွက် နေကာ ယင်းတို့၏ အပင်အခြေခံ အစားအသောက်ဖြစ်သည့် မုန့်ပေါင်း၊ ခေါက်ဆွဲပေါင်းနှင့် အခြားအစား အစာများကို အသားကိုယ်စား စားသုံး နိုင်ရန်စီစဉ်ထားကြောင်း ကြေညာထား သည်။              မျိုးဝင်း (Ref:Reuters)






အခြားဆက်စပ်သတင်းများ