နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံတမန်ဆက်ဆံရေးကို တိုးမြှင့်ရန် ပြင်သစ်နှင့် ကန် တွေ့ဆုံ

ပဲရစ်စ်   နိုဝင်ဘာ  ၁၂


ရေငုပ်သင်္ဘောဆိုင်ရာ သဘော တူညီမှုစာချုပ်ကြောင့် ကွဲလွဲမှုအထိ ဖြစ်စေခဲ့သော အမေရိကန်နှင့် ပြင်သစ် သံတမန်ဆက်ဆံရေးကို ပြန်လည် တိုးမြှင့်ပြုပြင်ရန် ပြင်သစ်သမ္မတ မက်ခရွန်းနှင့် အမေရိကန် ဒု- သမ္မတ ကာမေလားဟားရစ်တို့ တွေ့ဆုံခဲ့ကြ ကြောင်း သိရသည်။  


အမေရိကန်သမ္မတ ကာမေလား ဟားရစ်အနေဖြင့် ပြင်သစ်ကိုရောက် ရှိနေခြင်းဖြစ်ပြီး AUKUS ဟာခေါ်သည့် သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် တို့ပါဝင်သည့် သုံးနိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင် ရန်  စက်တင်ဘာလကကြေညာပြီး နောက်ပိုင်း ပြင်သစ်သမ္မတနှင့် တွေ့ဆုံကာ သံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်ရန် ရောက်လာခြင်း ဖြစ်သည်။


အဆိုပါ မဟာမိတ်ဖွဲ့စည်းမှုအောက် တွင် ဩစတြေးလျသည် ဗြိတိန် သို့မဟုတ် အမေရိကန်ထံမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘော ၈ စင်းကိုဝယ်ယူရမည်ဖြစ်ပြီး ယခင်က ကန်ဒေါ်လာ ၆၄ ဒသမ၂ ဘီလီယံတန်ဖိုးရှိသော ပြင်သစ်ထုတ် ဒီဇယ်ဆီသုံး ရေငုပ်သင်္ဘောဝယ်ယူရန် လျာထားမှုကို စွန့်လွှတ်လိုက်ခြင်းဖြစ် သည်။ 


အဆိုပါ AUKUS သဘောတူညီချက် ကြောင့် ပြင်သစ်အစိုးရအနေဖြင့်နစ်နာ နေရပြီး AUKUS သဘောတူညီမှုနှင့် ပတ်သက်ပြီး ပြင်သစ်ကိုအသိမပေးခဲ့ ကြကြောင်း ပြောသည်။ ထို့နောက် ရက်ပိုင်းအတွင်း အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ်နှင့် ကင်ဘာရာ ဆိုင်ရာ ပြင်သစ်သံအမတ်တို့ကို ပြင်သစ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။

ရဲခေါင် (ref:AP)






အခြားဆက်စပ်သတင်းများ