နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါးခုတ်ချောင်း သစ်သားဘေလီတံတား မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၁၂


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်တောင်ကျေးရွာအုပ်စု၊ ကျောက်သံ ခြေကျေးရွာအနီး ပုဏ္ဏားကျွန်း-ရသေ့ တောင်ကားလမ်းမပေါ်ရှိ ဝါးခုတ်ချောင်း တံတား အလျား ၁၂၀ ပေ၊ အကျယ် ၁၈ ပေ၊ သစ်သား ဘေလီတံတားအမျိုး အစားမှာ နိုဝင်ဘာ ၁၁ ရက်  နံနက် ၅ နာရီ ခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ရာ ကုန်တင်ကားကြီးတစ်စီးမှ တွေ့ရှိ သဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ၆ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဝါးခုတ်ချောင်း တံတားအလယ်၌ အကျယ် ၃ ပေခန့် ပျက်စီးသွားပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွား လာ၍မရကြောင်း၊ ဆိုင်ကယ်များနှင့် ဘေးတွဲယာဉ်များသာ ဖြတ်သန်းသွား လာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပုဏ္ဏား ကျွန်းမြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ် ဦးစီးဌာနမှူး ဦးသန်းဌေးနှင့်အဖွဲ့များ ကတံတားပြုပြင် ပေးလျက်ရှိကာမီး လောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရ သည်။                ဇင်မောင်






အခြားဆက်စပ်သတင်းများ