နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ် ရောင်းအားကောင်းနေ

ပေကျင်း  နိုဝင်ဘာ  ၁၁


တရုတ်နိုင်ငံတွင် အောက်တိုဘာလ အထိ ခရီးသည်တင်မော်တော်ယာဉ် နှစ်စဉ်ထုတ်လုပ်မှုပမာဏမှာ ၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းလာသော် လည်း ခေတ်စားလာသည့် ကားဝယ်ယူမှုအဖြစ် လျှပ်စစ်ခရီးသည် မော်တော်ကားရောင်းအားများ တက် လာကြောင်း သိရသည်။


လျှပ်စစ်ကားများ ရောင်းအားမှာ နှစ်စဉ်တိုးတက်မှုအဖြစ် ၁၄၁ ဒသမ ၁ ရာခိုင်နှုန်းအထိတိုးတက်လာပြီး အောက်တိုဘာလ တစ်ခုတည်းတွင် ယာဉ်စီးရေ ၃၂၁၀၀၀ စီးရောင်းချနိုင်ခဲ့ ကြောင်း တရုတ်ခရီးသည်တင် မော်တော်ယာဉ်အသင်းက ပြောသည်။


ယခုနှစ်၏ ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ၏ လျှပ်စစ်ခရီးသည်ကားများရောင်းချမှုမှာ ၁၉၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အရေ အတွက်အားဖြင့် ၂ ဒသမ ၁၄ သန်း ရှိကြောင်း သိရသည်။


ဓာတ်ဆီသုံးကားများနှင့် လျှပ်စစ် ကားများကမူ စျေးကွက်တွင်မတူညီ သောလမ်းကြောင်းကို သွားနေကြပြီး၊ လျှပ်စစ်ကားရောင်းအားတွင် ကြီးမား သည့်တိုးတက်မှုကို မြင်နေရကြောင်း တရုတ်ခရီးသည်တင် မော်တော်ယာဉ် များအသင်းက ပြောသည်။ 

မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ