နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်လွှတ်တော်အမတ်များ ထိုင်ဝမ်သို့ သွားရောက်ခြင်းကို တရုတ် ပြင်းထန်စွာကန့်ကွက်

ပေကျင်း   နိုဝင်ဘာ  ၁၁


အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များသည် စစ်လေယာဉ်တစ်စင်းဖြင့် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ 

ထိုင်ဝမ်သည် အလွန်အရေးပါပြီး ဖယ်ထုတ်၍မရသော တရုတ်နိုင်ငံ အချုပ်အခြာပိုင်နက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ယင်းက ပြောသည်။


ထိုင်ဝမ်ဒီမိုကရက်တစ် တိုးတက်ရေးပါတီမှ အာဏာပိုင်များအနေဖြင့် အခြေအနေကို မှားယွင်းစွာ ကောက်ချက်ချခြင်းမပြုမိရန် (သို့မဟုတ်) အန္တရာယ် ကြီးမားသောလုပ်ဆောင်ချက်များမပြုမိရန်၊ ထိုအရာက ထိုင်ဝမ်အား ကပ်ဆိုက်မှု ကိုသာ ယူဆောင်ပေးလိမ့်မည်ဖြစ်ကြောင်း၊ ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံက မဖြစ်မနေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းက ပြောသည်။


ထို့ပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ဝမ်လွတ်လပ် ရေးအတွက် မည်သည့်ခွဲထွက်ရေးဝါဒီကြိုးပမ်းမှုကိုမဆို ချေမှုန်းဖျက်ဆီးပစ်ရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းက ဖြည့်စွက်ပြောကြားသည်။

ရဲခေါင် (ref:AFP)






အခြားဆက်စပ်သတင်းများ