နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယီမင်နိုင်ငံသား ၇ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုနေကြောင်း UNHCR ပြော

နယူးယောက်   နိုဝင်ဘာ  ၁၁


စစ်ဘေးသင့် ယီမင်တွင် အနည်းဆုံး လူ ၇ သန်းကျော်သည် အမိုးအကာနှင့် စားနပ်ရိက္ခာမဟုတ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ အေဂျင်စီက ပြော ကြားသည်။


တွစ်တာတွင်၊ UNHCR ဆိုင်ရာ ယီမင်ရုံးမှ ယီမင်နိုင်ငံသား ၇ ဒသမ ၃ သန်းမှာ  “အမိုးအကာနှင့် စားနပ်ရိက္ခာ မဟုတ်သော အကူအညီများလိုအပ် သည်” ဟုဖော်ပြခဲ့ပြီး ၇၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြောင်း ရေးသားထားသည်။


မြို့တော် ဆာနာအပါအဝင်နိုင်ငံ အစိတ်အပိုင်းအတော်များများကို အီရန် ၏ ဩဇာခံဟူသီသူပုန်များက သိမ်းပိုက် လိုက်သည့် ၂၀၁၄ ခုနှစ်ကတည်းက ယီမင်တွင် အကြမ်းဖက်မှုနှင့် မတည် မငြိမ်မှုများ လွှမ်းမိုးနေခဲ့ခြင်းဖြစ်သည်။ 


ယီမင်တွင် ဖယ်ရှားခံရသည့်အစိုးရ ကို ပြန်လည်အာဏာရစေရန် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ယီမင်အခြေ အနေမှာ ပိုမိုဆိုးရွားစေခဲ့ပြီး လူပေါင်း ၂၃၃၀၀၀ သေဆုံးခဲ့ကာ ကမ္ဘာ့အဆိုးရွား ဆုံးလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများကိုဖြစ်ပေါ် စေခဲ့သည်။ 


ကုလက ယီမင်တွင် ယီမင်လူဦးရေ ၏ ၈၀ ရာခိုင်နူန်းနီးပါးဖြစ်သည့် လူဦးရေ သန်း ၃၀ ခန့်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် အကာအကွယ်များ လိုအပ်နေပြီး ၁၃ သန်း ကျော်၊ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။  မျိုးဝင်း (Ref: AFP)






အခြားဆက်စပ်သတင်းများ