နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချီလီသမ္မတကို ပန်ဒိုရာဖွင့်ဟမှုအရ စွပ်စွဲပြစ်တင်

ဘိုဂိုတာ   နိုဝင်ဘာ  ၁၁


Pandora Papers မှ ထုတ်ဖော်ခဲ့ သည်  အငြင်းပွားဖွယ်သတ္တုတူးဖော်ရေး ကုမ္ပဏီကိုရောင်းချရာတွင် ချီလီ သမ္မတ ဆီဘာစတိန်းပင်နီရာကို ယင်း၏သားသမီးများ ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုမှတစ်ဆင့် ပါဝင် ပတ်သက်မှုအတွက် စွပ်စွဲပြစ်တင်မှု တစ်ခုကို ချီလီအောက်လွှတ်တော်က အတည်ပြုလိုက်သည်။

ကွန်ဂရက်လွှတ်တော်တွင် ၂၂ နာရီ ကြာ အချေအတင်ဆွေးနွေးပြီးနောက် စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 


အဓိကအားဖြင့် အတိုက်အခံ လွှတ်တော်အမတ် ဂျမီးနာရန်ဂျိုက  သမ္မတကို စာမျက်နှာ ၁၃၀၀ ပါ စွပ်စွဲချက်အတွက် အောက်လွှတ်တော် တွင် ၁၅ နာရီကြာ ဖတ်ကြားခဲ့ပြီး မဲခွဲခဲ့ ရာတွင် လွှတ်တော်ကိုယ်စားလှယ် များက ကြားနေမဲ ၃ မဲအပါအဝင် ၇၈-၆၇ မဲဖြင့် ပြစ်တင်မှုကို အတည်ပြု ခဲ့ခြင်းဖြစ်သည်။ 


Pandora Papers တွင်ပါရှိသော အချက်အလက်များအရ "လာဘ်ပေး လာဘ်ယူမှုနှင့် နောက်ဆုံးအခွန်ဆိုင်ရာ ရာဇ၀တ်မှုများ"နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုဖွင့်ရန် အစိုးရရှေ့နေရုံးက ဦးဆောင်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ Dominga သတ္တုတူးဖော်ရေးကုမ္ပဏီ ကို ဒေါ်လာ ၁၅၂ သန်းဖြင့်ရောင်းချ ခြင်းသည် Pinera ၏ မိသားစုနှင့် ဆက်စပ်နေကြောင်း သိရသည်။ 

ရဲခေါင် (ref:AP)






အခြားဆက်စပ်သတင်းများ