နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိူင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မင်းဓမ္မလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

ရန်ကုန်၊  မေ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လှိုင်ဇေယျာ ခန်းမရှေ့တွင် မြောက်မှတောင်သို့ ဦးမင်းဇော်(၄၀ နှစ်) မောင်းနှင်လာသော စူဇူကီးအပြာရောင်ယာဉ်အမှတ် (1C/----)ယာဉ်နှင့် တောင်မှမြောက်သို့ ကိုရှိန်းမင်းခန့်(၂၂ နှစ်) မောင်းနှင်လာသော (Mark-x)အဖြူရောင် (3L/ ----)ယာဉ်တို့ တိုက်မိကြရာ နှစ်စီးစလုံး ဦးခေါင်းရှေ့ခြမ်းပျက်စီးသွားပြီး ဦးမင်းဇော်မှာ ယင်းမောင်းနှင်လာသော ယာဉ်ပေါ် ညပ်နေခဲ့၍ လှိုင်မီးသတ်တပ်ဖွဲ့၊ လှိုင်မြို့နယ်ရဲစခန်းနှင့် လှိုင်မြို့နယ်အတွင်းရှိ လူနာတင်ယာဉ်များ ရောက်ရှိခဲ့ကြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အခင်းဖြစ်ပွားရာသို့ အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များက ယာဉ်ပိတ်ဆို့မူ့မရှိစေရေးအတွက် ယာဉ်လမ်းကြောင်းများကို ရှင်းလင်းပေးခဲ့သည်။ ထို့နောက်မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကားတွင်း ညပ်နေသူ ဦးမင်းဇော်ကို ကယ်ထုတ်၍ ဇော်ဂျီလူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ကားနောက်ခန်းတွင်လိုက်ပါလာသော ကိုစိုးကိုကိုအား လှိုင်လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး ယာဉ်မောင်း ကိုရှိန်းမင်းခန့်ကို ရှားသူလူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့၍ ယင်းကားပေါ်ပါ မနုကေသာထွန်းကို အနှိုင်းမဲ့မေတ္တာလူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

ယာဉ်လမ်းကြောင်းပိတ်ဆို့မှုကို ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကြည်ဇေသော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ