နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် Omni Focus ပိုင် ယာဉ်လိုင်းများ တွင် ယာဉ်အစီးရေ ထွက်ရှိမှု အနည်းငယ် အပြောင်းအလဲရှိမည်

ရန်ကုန် ဧပြီ ၂ COVID-19 ရောဂါကြောင့် အခု ဧပြီ ၁ ရက်ကစပြီး Omni Focus ကုမ္ပဏီပိုင် YBS ယာဉ်လိုင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်မောင်းတွေကို မိမိတို့စိတ်ဆန္ဒရှိမှသာ လာရောက်တာဝန် ထမ်းဆောင်ဖို့ Omni Focus ကုမ္ပဏီမှသိရသည်။ ယာဉ်မောင်းတွေရဲ့ လာရောက်တာဝန်ထမ်းဆောင်တဲ့အပေါ်မူတည်ပြီး နေ့စဉ်ယာဉ်လိုင်းတွေရဲ့ ခရီးစဉ် ပြေးဆွဲမှု ၊ ယာဉ်လိုင်းတစ်ခုချင်းစီရဲ့ယာဉ်အစီးရေထွက်ရှိမှုဟာ အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ကုမ္ပဏီ ဘက်က ထုတ်ပြန်ထားကြောင်းသိရသည်။ ဒီကနေ့ မနက် ဧပြီ ၁ ရက်နေ့မှာ ယာဉ်မောင်းတွေကို ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်တွေ ပြောကြားခဲ့ပြီးနောက် အခုလို ထုတ်ပြန်ချက် ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း သခင်မြ ပန်းခြံမှာ YBS 56 ယာဉ်လိုင်းမှ ကားတွေထွက်ရှိခြင်းမရှိတာကြောင့် ယာဉ်ကြောပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသွားပြည်သူအချို့လည်း အဆင်မပြေမှုတွေ ရှိခဲ့ကြောင်းသိရသည်။ Omni Focus ကုမ္ပဏီပိုင် ယာဉ်လိုင်းတွေဟာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS 56 ၊ ရန်ကုန်လေဆိပ်နဲ့ ဆူးလေသို့ ပြေးဆွဲနေတဲ့ AIRPORT-ဆူးလေ ၊ သခင်မြပန်းခြံ နဲ့ လှိုင်သာယာကို ပြေးဆွဲပေးနေတဲ့ YBS 20 ၊ သာကေတနဲ့ လှိုင်သာယာကို ပြေးဆွဲပေးနေတဲ့ YBS 82 ၊ တောင်ဒဂုံ နဲ့ လှိုင်သာယာကို ပြေးဆွဲပေးနေတဲ့ YBS ၈၃ ၊ လှိုင်သာယာနဲ့ သန်လျက်စွန်းကို ပြေးဆွဲပေးနေတဲ့ YBS ၉၈ ၊ တောင်ဒဂုံနဲ့ လှိုင်သာယာ ပြေးဆွဲပေးနေတဲ့ YBS 99 ၊ ရွာသာကြီးနဲ့ လှိုင်သာယာ ပြေးဆွဲပေးနေတဲ့ YBS ၁၀၁ တို့ ဖြစ်ကြောင်းသိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ