နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်စစ်သင်္ဘောလှုပ်ရှားမှုကို ရုရှား အနီးကပ်စောင့်ကြည့်

မော်စကို  နိုဝင်ဘာ  ၉


ပင်လယ်နက်တွင် အမေရိကန် စစ်တပ်၏လှုပ်ရှားမှုတိုင်းကို ရုရှား စစ်တပ်က အနီးကပ်စောင့်ကြည့်နေ ကြောင်း၊ ရန်ဖြစ်ပွားစေမည့် မည်သည့် လှုပ်ရှားမှုမျိုးကိုမှ ခွင့်ပြုပေးမည် မဟုတ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီး Larisa Shoygu က ပြောကြား လိုက်သည်။ 


ဒေသတွင်းမဟုတ်သည့် နိုင်ငံကြီး တစ်နိုင်ငံမှ စစ်သင်္ဘောတစ်စီးသည် ပင်လယ်နက်ဆီသို့ ဦးတည်ရွေ့လျား လာကြောင်း၊  သင်္ဘောပေါ်တွင် ပစ်မှတ် အတိအကျ ပစ်ခတ်နိုင်စွမ်းမြင့်မားသည့် တာဝေးပစ်လက်နက်များ တပ်ဆင် ထားကြောင်း၊ ယင်းမှာ လာရောက် လည်ပတ်လေ့လာခြင်း မဟုတ်သည့် အတွက် ရုရှားအနေဖြင့်လုပ်ဆောင် သင့်သည့် အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Larisa Shoygu က ပြောကြားခြင်းဖြစ်သည်။ 


ခရုဇ်ဒုံးကျည် တပ်ဆင်ထားသည့် အမေရိကန်ဖျက်သင်္ဘော ''Porter'' သည် အောက်တိုဘာ ၃၀ ရက်က ပင်လယ်နက်သို့ မောင်းနှင်ဝင်ရောက်ခဲ့ ကြောင်း၊ အမေရိကန်သည် ရုရှား၏ ပင်လယ်နက်ကမ်းရိုးတန်းနှင့် တောင် ပိုင်းဒေသတစ်ခုလုံး၏ ကာကွယ်ရေး စနစ်ကို စမ်းသပ်ရန်ကြိုးစားနေ ကြောင်း ယင်းက ပြောသည်။  


“USS Mount Whitney” ကွပ်ကဲ ရေးသင်္ဘောအပါအဝင် အမေရိကန် ရေတပ်၏ အမှတ် ၆ ရေယာဉ်အုပ်စု သည် ပင်လယ်နက်ရေပြင်သို့ ရွေ့လျား နေပြီး နေတိုးမဟာမိတ်အဖွဲများ၏ ယင်းဒေသတွင်ပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှု၌ပါဝင်ရန် ပြင်ဆင်နေ ကြောင်း အမေရိကန်ရေတပ်က နိုဝင်ဘာလအစောပိုင်းက တွစ်တာ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့ သည်။ 

ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ