နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုဝင်ဘာ ဒုတိယပတ်မှ အာဖဂန်တစ်နိုင်ငံလုံး ပိုလီယိုကာကွယ်ဆေးထိုးရေး အစီအစဉ်စတင်

ကဘူးလ်  နိုဝင်ဘာ  ၉


အာဖဂန်နစ္စတန်တွင် အသက် ၅ နှစ်အောက် ကလေးငယ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ လေး ရက်ကြာမည့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမည့်အစီအစဉ်ကို  နိုဝင်ဘာ ၈ ရက်တွင် စတင်နေပြီဖြစ်ကြောင်း တာလီဘန် ထိန်းချုပ်ထားသည့် အာဖဂန်နစ္စတန် လူထုကျန်းမာရေး ဝန်ကြီးဌာနက ကြေညာလိုက်သည်။


တာလီဘန်များအနေဖြင့် အာဖဂန် ကိုမထိန်းချုပ်မီ လွန်ခဲ့သည့်သုံးနှစ် ခန့်က တာလီဘန်ထိန်းချုပ်ဒေသတွင် ကုလသမဂ္ဂ ကာကွယ်ဆေးတိုက်ကျွေး ရေးအဖွဲ့များက တစ်အိမ်တက်ဆင်း ဆေးပေးဝေမည့်လုပ်ငန်းကို တားမြစ် ပိတ်ပင်ခဲ့ပြီး ကုလအဖွဲ့များအနေဖြင့် ယခင် အာဖဂန်အစိုးရအတွက်ရော အနောက်နိုင်ငံများအတွက်ပါ သူလျှို လုပ်သည်ဆိုသည့် သံသယနှင့်တားမြစ် ခဲ့သည်။ 


ယင်းသို့တားမြစ်မှုကြောင့် အာဖဂန် ကလေးငယ် ၃ ဒသမ ၃ သန်းခန့်မှာ သုံးနှစ်ကြာကာလအတွင်း ကာကွယ် ဆေးမရသည့်အတွက် မသန်စွမ်းအဖြစ် သို့ရောက်ရခြင်း၊  သေဆုံးခြင်းများဖြစ်ရ ကြောင်း တာလီဘန်များခန့်ထားသည့် ကျန်းမာရေးဝန်ကြီး Dr. Qalandar Ebad က ပြောသည်။ 


၄ ရက်ကြာ ကာကွယ်ဆေး တိုက်ကျွေးမည့်အစီအစဉ်အရ အသက် ၅ နှစ်အောက် ကလေးငယ် ၁၀ သန်းအကျုံးဝင်မည်ဖြစ်ပြီး ပိုလီယို ကာကွယ်ဆေးထိုးပေးရေး တာလီဘန် များ၏ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အဖွဲ့များကလည်း ကြိုဆိုကြောင်း WHO, UNICEF အဖွဲ့များက ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရဲခေါင် (ref:AP)






အခြားဆက်စပ်သတင်းများ