နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစစ်ဆေးရေးကတ်ပြား ပြုလုပ်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၈


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန် အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့်  အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဗဟန်းမြို့နယ်၊ အမှတ်(၁၈)၊   နတ်မောက်လမ်းသွယ်(၁)၊   ဗိုလ်ချို(၂)ရပ်ကွက်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာကျောင်းသို့ရောက်ရှိပြီး အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူများကို သတ်မှတ်ချက်များနှင့်ကိုက်ညီ၍  နိုင်ငံသားစိစစ်ရေးကတ်ပြား များပြုလုပ်ရန် အတည်ပြုလက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။                                                      အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ