နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း

ပဲခူး၊ နိုဝင်ဘာ ၈


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက် လတာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်း ရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ် မှုကော်မတီဖွဲ့စည်းခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်က နတ်စင်ကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။          


ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ နှင့် နတ်စင်ကုန်းကျေးရွာနေ ပြည်သူများ တစ်နိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးနှင့် အခြားမိသားဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                         ကိုညို(ကျေးလက်)






အခြားဆက်စပ်သတင်းများ