နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်စွမ်းရည်သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေး

ရန်ကုန်၊  မေ  ၃၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး မုခ်ဦးရှေ့၌ မေ ၂၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ဦးဆောင်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် စွမ်းရည်သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ် LUF-60(RoboticFireFightingVehicle) သည် ပိုလန်နိုင်ငံထုတ် ယာဉ်အမျိုးအစားဖြစ်ပြီး စက်သုံးဆီသိုလှောင်ကန်ကြီးများမီးလောင်မှု၊ ရေနံထွက်ပစ္စည်းထုတ်စက်ရုံ/အလုပ်ရုံ များနှင့် သိုလှောင်ရုံများမီးလောင်မှု၊ အထပ်မြင့်အဆောက်အအုံများရှိ Basement Carparking များအတွင်း မီးလောင်မှုများနှင့် လူနေအိမ်အဆောက်အအုံအများအပြားမီးလောင်မှုများတွင် ထိရောက်စွာ ချဉ်းကပ် ငြှိမ်းသတ်နိုင်ခြင်း၊ မီးခိုးငွေ့နှင့် အဆိပ်ငွေ့များထူထပ်သိပ်သည်းစွာပိတ်မိနေသော မီးလောင်မှုကြီးများတွင် မီးခိုးငွေ့နှင့် အဆိပ်ငွေ့များကို အလျင်အမြန် ရှင်းလင်းဖယ်ရှားနိုင်ခြင်း၊ အောက်ဆီဂျင်ပြတ်တောက်နေသော နေရာများတွင် အောက်ဆီဂျင်ထည့်သွင်းပေးနိုင်ခြင်း၊ အပူလိုင်းဖြတ်၍ ရာသီဥတုပူပြင်းလွန်းသည့်ကာလများ တွင် ရေမှုန်ရေမွှားဖြင့် အအေးပေးပြီး အပူရှိန်လျှော့ချပေးခြင်းအပြင်  ၃ တန်အလေးချိန်ရှိ ယာဉ်များကိုလည်း အလွယ်တကူစွဲထုတ်နိုင်ခြင်း၊ ၆၀၀ ကီလိုဂရမ်အလေးချိန်ရှိ အရာဝတ္ထုပစ္စည်းများကိုပါ အလွယ်တကူ မတင် ဖယ်ရှားခြင်းလုပ်ငန်းများကို အဝေးထိန်းခလုတ်ဖြင့်ထိန်းချုပ်၍ လျင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

အဆိုပါ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ် LUF-60 (Robotic FireFightingVehicle) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၂၈၄ ဖြင့် အကုန်ကျခံဝယ်ယူပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ