နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံရှိတက္ကသိုလ်များတွင် ပညာသင်ယူနေသော စာသင်သား သံဃာတော်များနှင့် သီလရှင်များအား ပြန်လည်ခေါ်ယူ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်ရှိ

မန္တလေး မေ ၂၉


သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့်သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အိန္ဒိယနိုင်ငံရှိတက္ကသိုလ်အသီးသီးတွင် ပညာသင်ယူနေသော စာသင်သား သံဃာတော် ၅၈ ပါး၊ သာသနာ့အနွယ်ဝင် သီလရှင် ၈ ပါးနှင့် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသူတစ်ဦး စုစုပေါင်း ၆၇ ဦးတို့ကို အထူးလေယာဉ်ဖြင့် မေ ၂၈ ရက် ညနေ ၃ နာရီက သွားရောက်ခေါ်ဆောင်ခဲ့ရာ ညနေ ၆ နာရီခွဲတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည်။


ပြန်လည်ရောက်ရှိလာသူများကို သီတဂူဗုဒ္ဓတက္ကသိုလ် အုပ်ချုပ်ရေးမှူး ဆရာတော်ဘဒ္ဒန္တကောဝိဒ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကြိုဆိုကြပြီးယာဉ်နှစ်စီးဖြင့် စစ်ကိုင်းမြို့ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ပို့ဆောင်ပေးသည်။ နေရပ်ပြန်လာသူရဟန်းရှင်လူများကို သီတဂူဗုဒ္ဓတက္ကသိုလ်နှင့်ဆေးရုံတို့တွင် Quarantine ၂၁ ရက် ထားရှိပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကြသည်။   


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ