နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT Money က COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို လူမှုကယ်ဆယ်ရေး ငွေကြေးဝန်ဆောင်မှုများကို ဝန်ဆောင်ခ အခမဲ့ဖြင့် ဆောင်ရွက်ပေးမည်

ရန်ကုန် မေ ၂၉


မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံး ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါကို ကာကွယ်ရေးအတွက်  ထောက်ပံ့ကူညီနေသည့် အစိုးရအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များအတွက် ငွေကြေးဝန်ဆောင်မှုများကို ဝန်ဆောင်ခ ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် လူမှုအသိုက်အဝန်း တစ်ခုလုံးသည် လတ်တလောတွင် ဖြစ်ပွားနေသော COVID-19 ကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး ယခုကဲ့သို့သော ခက်ခဲသည့် အချိန်ကာလတွင် MPT Money အနေဖြင့် မြန်မာပြည်သူလူထုနှင့် အတူတကွ ရပ်တည်လျက်ရှိပြီး အထက်ပါ အဖွဲ့အစည်းများသို့ အလှူရှင်များနှင့် သုံးစွဲသူမိဘပြည်သူများမှ ငွေလွှဲခြင်း၊ ငွေကြေးရန်ပုံငွေများနှင့် အလှူငွေများ လှူဒါန်းရာတွင် ဝန်ဆောင်ခ ကောက်ခံခြင်း မရှိဘဲ ငွေပေးချေနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“MPT Money ဟာ အလျင်အမြန် တိုးတက်နေတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ပလက်ဖောင်းတစ်ခု ဖြစ်တာနဲ့အညီ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ  ဆက်လက်ပါဝင် ပံ့ပိုးနေပြီး လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဝန်ဆောင်ခကျသင့်ခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်နဲ့ COVID-19 ရောဂါအခြေအနေများကြောင့် ပြည်သူအများအပြားသည် မိမိတို့၏ နေအိမ်တွင် နေထိုင်ရစဉ် ကာလအတွင်း ငွေပေးချေမှုများ၊ လုပ်ခလစာနှင့်ပင်စင်ဝန်ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်းများ၊ ငွေလွှဲဝန်ဆောင်မှုများ၊ ငွေတောင်းခံလွှာများပေးချေခြင်းနှင့် ဖုန်းလက်ကျန်ငွေ ဖြည့်သွင်းခြင်းများစသည့် MPT Money ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုများသည် အသုံးပြုသူများအတွက် လိုအပ်သော ရန်ပုံငွေများကို ချက်ချင်းလက်ငင်း ရယူသုံးစွဲနိုင်ပြီး၊ ယင်းတို့၏ငွေကြေးများကို လုံခြုံစိတ်ချ အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။

MPT Money သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ် ဆိုင်ပေါင်း ၂၇,ဝ၀ဝ ကျော်ရှိသည့် ကွန်ရက်မှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသော မြန်မာနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အမြန်ဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သည်။

MPT Money နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ် ခေါ်ဆိုနိုင်ပြီး MPT Money ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သည့် https://web.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 


AMH ( မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ