နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယသုတ်အနေဖြင့် ပြည်တော်ပြန် ၈၀ဝ၀ ကျော် ပြန်လည်ဝင်ရောက်လာ ချောချောမွေ့မွေ့ဖြစ်သည့်အတွက် ကရင်ပြည်နယ်ကို ကျေးဇူးတင်

ရန်ကုန် မေ  ၂၉


မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဒုတိယသုတ်အနေဖြင့် မေ ၁ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်လာသော ပြည်တော်ပြန်ဦးရေ ၈၀ဝ၀ ကျော်ရှိကြောင်း မြဝတီစစ်ဆေးရေးဂိတ်တွင် စီမံဆောင်ရွက်ထားမှုများနှင့် ပတ်သက်သော ဆွေးနွေးပွဲမှ သိရသည်။

အဆိုပါဆွေးနွေးပွဲကို မေ ၂၉ ရက်၊ နံနက် ၁၀ နာရီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

''အားလုံးက မြဝတီကို စိတ်ဝင်စားနေကြတယ်။ အရင်အပတ်ကနေစပြီး ဒုတိယသုတ်အနေနဲ့ တစ်နေ့ကို ပြည်တော်ပြန် တစ်ထောင်ကျော် ဝင်ရောက် လာနေတယ်။ ဒါဟာလည်း အစကတည်းက မှန်းထားတဲ့အတိုင်းပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်တော်ပြန် ဒုတိယအသုတ်ကို မူလက မေလဆန်းပိုင်းတွင် ဝင်ရောက်လာကြမည်ဟု ခန့်မှန်း၍ ပြင်ဆင်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ စည်းမျဉ်းကန့်သတ်ချက်များကြောင့် မေလနောက်ဆုံးပတ်မှသာ ပြန်လည်ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာကြသော ပြည်တော်ပြန်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း လုပ်ငန်းစဉ် ၇ ရပ်ဖြင့် စနစ်တကျ ပြန်လည်လက်ခံလျက်ရှိပြီး ယင်းတို့နေထိုင်ရာဒေသများသို့ ကားများဖြင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

''အခုဒုတိယသုတ်မှာတော့ အခက်အခဲသိပ်မရှိဘဲ ပိုမိုအဆင်ပြေလာတယ်။ ပြန်လာကြတဲ့သူတွေ ကိုယ်တိုင်ကလည်း စည်းမျဉ်းစည်းကမ်းတွေကို ပိုမိုလိုက်နာလာကြတယ်''ဟု ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

မြဝတီနယ်စပ်မှပြန်လာကြသည့် ပြည်တော်ပြန်များနှင့်ပတ်သက်လျှင် အဓိကတာဝန်ယူရသည်မှာ ကရင်ပြည်နယ်ဖြစ်ပြီး ယခုကဲ့သို့ ချောချောမွေ့မွေ့ဆောင်ရွက်နိုင်သည့်အတွက်လည်း ကရင်ပြည်နယ်မှ ပြည်သူအားလုံး ကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ