နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် မေ ၂၉


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ မေ ၂၈ ရက်၊ ည ၁၂ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သုဝဏ္ဏ(င/က)ရပ်ကွက်၊ သာယာကုန်း(၂)လမ်းမပေါ်၌ ခင်မောင်သန်းထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၈ နာရီခွဲ အချိန်တွင် (၃)ရပ်ကွက်၊ ကျုံးကြီးလမ်းဘေး၌ အေးလွင်ထံမှ အရိုးအသွား(၁၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ် ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီခွဲ အချိန်တွင် (၁၃၃)ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းမပေါ်၌ မူးယစ်သောင်းကျန်းနေသော စိုးမြတ်အောင်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် (၂၀)ရပ်ကွက်၊ ဆရာဇော်ဂျီ လမ်းမပေါ်၌ လှနိုင်ဦးထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ၂၂၂၀ အချိန်တွင် (၁၂)ရပ်ကွက်၊ ပုသိမ်လမ်းမပေါ်၌ အောင်မျိုးပိုင်ထံမှ အရိုးအသွား(၆)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် (၁၂)ရပ်ကွက်၊ စစ်တွေလမ်းမပေါ်၌ သိန်းထွဋ်အောင်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီခွဲအချိန်တွင် ရွှေလင်ပန်းရွာ၊ ရွှေမြင့်မိုရ် ပတ်လမ်းမပေါ်၌ သက်ဦးထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ည ၈ နာရီအချိန်တွင် (၅)ရပ်ကွက်၊ ပီမိုးနင်းလမ်းဘေး၌ ဝင်းထွန်းထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်း၊ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ကောင်းထက်စံထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် (၆)ရပ်ကွက်၊ သစ္စာလမ်းပေါ်၌ ငြိမ်းမင်းထွန်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ကျော်မျိုးနိုင် နှင့် သိန်းသန်းဝင်း တို့(၂)ဦးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် တင်ကိုကိုထံမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် (၉)ရပ်ကွက်၊ ဧရာဝဏ်လမ်းမပေါ်၌ သပြေဇော် ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်း ကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ