နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန် မေ ၂၉

  

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မိမိနယ်မြေအတွင်း ခိုး၊ဆိုး၊လု၊နှိုက်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးအရေးယူဆောင်ရွက်သွားရန်ညွှန်ကြားချက်အရ  မေ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် (၁/၁၀)ရပ်ကွက်၊ ပိတောက်(၁)လမ်းမပေါ်၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ ထွန်းထွန်းနိုင်(ခ)ဖိုးဖဲ အား တွေ့ရှိစစ်ဆေးရာ ယင်းလက်အတွင်းကိုင်ဆောင် ထားသော OPPO အမျိုးအစား ဖုန်း(၁)လုံးနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်မှုမရှိသဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပါသည်။

 ဖမ်းဆီးရမိသူ ထွန်းထွန်းနိုင်(ခ)ဖိုးဖဲ အား အခြားပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ယင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့်မေလတို့တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း လှည့်လည်သွားလာ၍ နေအိမ်ရှေ့ လမ်းမများပေါ်တွင်ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး(၆)စီးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ ဆိုင်ကယ်(၆)စီးကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှု ကျူးလွန်သူ ထွန်းထွန်းနိုင်(ခ)ဖိုးဖဲ ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ