နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့်(မြောက်ပိုင်း)မြို့နယ် ရေဖူလုံစွာပေးဝေနိုင်ရေးလုပ်ငန်း ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်  နိုဝင်ဘာ  ၂


ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၁၃၁ ရပ်ကွက်၊ ရေသန့်လမ်းရှိ ရေပေးဝေရေး ဇုန် ၇ ရေစုကန်နှင့် ရေတွန်းစက်ရုံ လုပ်ငန်း ဆောင်ရွက်မှုနှင့် ဇုန်အတွင်း ပြည်ထောင်စုလမ်းတစ်လျှောက် 710 HDPE ရေပိုက်လိုင်း သွယ်တန်းနေ သည့် လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့ သည် နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ် အနီး၊ ၁၃၁ ရပ်ကွက်၊ ရေသန့်လမ်းရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန် ၇ ရေစုကန်နှင့် ရေတွန်းစက်ရုံသို့ရောက်ရှိ ရာ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်း မှု) ဌာနမှူးနှင့် တာဝန်ရှိသူများက စက်ရုံတည်ဆောက်ထားရှိမှု၊ ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်များ အတွင်း လက်ရှိ ရေပေးဝေနေမှုနှင့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းမှ တိုးချဲ့ပေးဝေရန် ပင်မရေပို့ပိုက်လိုင်း တပ်ဆင်ပြီးစီးမှု၊ District Metering Area (DMA) သို့ ရေပို့ပိုက်လိုင်းများ သွယ်တန်းရန် တပ်ဆင်ထားရှိမှု၊ ပိုက်ဆက်များ ပြုလုပ်တပ်ဆင်နေမှု အခြေအနေများနှင့် စီမံကိန်းလုပ်ငန်း ရည်မှန်းချက်များကို ရှင်းလင်းတင်ပြ ရာ မြို့တော်ဝန်က လုပ်ငန်းလိုအပ်ချက် များကို မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ထို့နောက် မြို့တော်ဝန်နှင့်တာဝန်ရှိ သူများသည် ရေစုကန်နှင့် ရေတွန်း စက်ရုံအတွင်း ၁ မိနစ် ၄၄ ကုဗမီတာ၊ ၆၀၀ ကီလိုဝပ် ရေတွန်းစက် ၂ လုံးနှင့် ၁ မိနစ် ၂၁ ကုဗမီတာ၊ ၃၀၀ ကီလိုဝပ် ရေတွန်းစက် ၂ လုံး တပ်ဆင်ထားရှိမှု၊ ရေဂါလန် ၄ ဒသမ ၆ သန်းဆံ့ ရေစုကန် တည်ဆောက်ထားရှိမှုနှင့် ရေပေးဝေ ရန် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့နေ ပြည်သူ လူထုကို တိုးတက်လာသည့် လူဦးရေ နှင့်အညီ သောက်သုံးရေဖူလုံစွာဖြန့်ဖြူး ပေးနိုင်ရန် ရေအရင်းအမြစ်သစ်များ တည်ဆောက်နေသကဲ့သို့ရေပေးဝေသည့် ပင်မရေပို့ပိုက်လိုင်းများမှ ရေပြတ်တောက် မှုဖြစ်ပါက တစ်မြို့လုံး ရေပြတ်တောက်  မှု မဖြစ်စေရန်နှင့်အခြားရေပို့ပိုက်လိုင်းများမှ အပြန်အလှန် ရေအားဖြည့်ကူညီ ပေးနိုင်ရန် ရန်ကုန်တစ်မြို့လုံးကို ရေပေးဝေရေးဇုန် ၁၀ ခု ခွဲခြားဆောင်ရွက်လျက်ရှိကြောင်း၊ ဇုန် ၇ နှင့် ၈ သည် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းမှ ရေကိုရယူ၍ ဒဂုံမြို့သစ် လေးမြို့နယ်နှင့် သီလဝါအထူးစီးပွားရေးဇုန်များသို့ ရေပေးဝေသွားမည်ဖြစ်ကြောင်း၊ ဇုန် ၇ ရေစုကန်နှင့် ရေတွန်းစက်ရုံသည် လဂွန်းပြင်ရေတွန်းစက်ရုံမှ ၆ ဒသမ ၂၈ မိုင်သာ ကွာဝေးသဖြင့် ရေအားကောင်းစွာရရှိကြောင်း၊ ယခုအခါ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ပိုက်ဆက်များ တပ်ဆင်ခြင်း ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ဒုတိယပတ်မှ ဒီဇင်ဘာ ဒုတိယပတ် အတွင်း ဖိအားစမ်းသပ်ခြင်း၊ ဒီဇင်ဘာ တတိယပတ်နှင့် စတုတ္ထပတ် အတွင်း ပိုက်ရေဆေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နွေရာသီတွင် ရေစတင်ပေးဝေနိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားလုံး ပြီးစီးပါက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်သို့ တစ်နေ့လျှင် ရေဂါလန် ၅ သန်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များသို့ တစ်နေ့လျှင် ရေဂါလန် ၈ သန်း ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းတစ်လျှောက်  710 HDPE ရေပိုက်လိုင်း သွယ်တန်းနေမှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီ ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း-မိုးဝေ ၊ ဓာတ်ပုံ-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ