နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းရင်းသားကျေးရွာတွင် ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မည်

ရန်ကုန်  နိုဝင်ဘာ   ၁


ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ (ရန်ကုန်)၌ အများ ပြည်သူ အားလပ်ရက်များတွင် ပြည်သူများ စိတ်အေးချမ်းသာ စွာ လာရောက်အပန်းဖြေရင်း တိုင်းရင်းသားများ၏ ရိုးရာ ဓလေ့ထုံးစံများကို လေ့လာနိုင် စေရန် ယခုနိုဝင်ဘာ ဒုတိယ ပတ်မှစတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တိုင်းရင်းသား ရိုးရာအကအလှများဖြင့် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း  သိရသည်။


ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုများ လျော့ကျလာ သည့်အလျောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ လာရောက်လည်ပတ်သူ ဦးရေ ပြန်လည်များပြားလာ သဖြင့် အပတ်စဉ်တနင်္ဂနွေနေ့ တိုင်းတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အကများ၊ ရုပ်သေးနှင့် မျက်လှည့်ပညာရှင် များကို ဖိတ်ခေါ်ကာ ဖျော်ဖြေ ပေးမည့် အစီအစဉ်များကို ပြန်လည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ (ရန်ကုန်)မှ တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ပြောသည်။


ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ ကျဆင်း လာသည့်အတွက်ပြည်သူများ လည်ပတ် အပန်းဖြေစရာနေရာ တစ်ခုဖြစ်သော ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ လာရောက်လည်ပတ်သူများ ပြန်လည်များပြားလာရာ ပြီးခဲ့ သည့် အောက်တိုဘာလအတွင်း လာရောက် လည်ပတ်သူဦးရေ နှစ်သောင်းခန့်ရှိကြောင်း သိရ သည်။                         (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ