နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အချို့ကို ဇွန် ၁ ရက်နေ့မှစ၍ စတင်ဖြေလျှော့ပေးသွားမည်

ရန်ကုန်   မေ    ၂၉


COVID-19 ကပ်ရောဂါမပျံ့ပွားရေးအတွက် မေ ၃၁ ရက်အထိ ချမှတ်ထားသည့် သတ်မှတ်ချက်အချို့ကို ဇွန် ၁ ရက်မှစ၍ ဖြေလျှော့သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်း၏ Facebook စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားလိုက်သည်။


ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းသည် နိုင်ငံ၏ယန္တရားကို သတိကြီးစွာဖြင့် တဖြည်းဖြည်းပြန်လည် လည်ပတ်နိုင်ရေးကို ဦးတည်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


"ပြည်သူတွေရဲ့ စိုးရိမ်ချက်တွေ၊ မျှော်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေ စိတ်ထဲမှာ အမြဲရှိနေပါတယ်။ အကောင်းဆုံးအဖြေကို အမြဲရှာနေပါတယ်"ဟု ယင်းက ပြောသည်။


ယခုဖြေလျှော့ပေးမှုများသည် စည်းကမ်းလိုက်နာခြင်း၏ အကျိုးကျေးဇူးဖြစ်ခြင်းကြောင့် COVID-19 ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် ဆက်ပြီးကူညီကြပါဟုလည်း ဒေါ်အောင်ဆန်း စုကြည်က မေတ္တာရပ်ခံထားစဉ်။                                                                       


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ