နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Embraer E190 လေယာဉ်တစ်စင်း ထပ်မံရောက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၇


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မှာယူထား သည့် Embraer E190 MSN543 XY-ALU လေယာဉ်သည် ယမန်နေ့ နံနက်ပိုင်းက နယ်သာလန်နိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့  ရောက်ရှိလာရာ  လေကြောင်းလိုင်း တာဝန်ရှိ ပုဂ္ဂိုလ်များက Water Salute အခမ်းအနားဖြင့် ကြိုဆိုကြသည်။


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ယခု ထပ်မံရောက်ရှိလာသည့် Embraer လေယာဉ်အပါအဝင် Air Bus A319 လေးစင်း၊ Air Bus A320 သုံးစင်း၊ Embraer E190 သုံးစင်း စုစုပေါင်း ၁၀ စင်းဖြင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

အောင်သူရ






အခြားဆက်စပ်သတင်းများ